Quantcast
Channel: Oh Burma.အိုးဝေအောင်(အိုးဘားမား)
Viewing all articles
Browse latest Browse all 146

မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်တဲ့ကိစ္စ ကို စဉ်းစားခိုင်းတဲ့ ကိုသူရ(ဇာဂနာ ဂတုံးကြီး)သို့ -

$
0
0
 မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်တဲ့ကိစ္စ ကို စဉ်းစားခိုင်းတဲ့ ကိုသူရ(ဇာဂနာ ဂတုံးကြီး)သို့ -
  ကျနော်အိုးဝေအောင်က စဉ်းစားမိသမျှ အနည်းငယ် ရေးချလိုက်မိပါတယ်။


(( ဇာဂနာက မြောက်ပိုင်းကိစ္စကို ပေါ့ပျက်ပျက်ပြောသွားတယ် လို့ ကွန်မန့်တချို့မှာ ဖတ်ခဲ့မိလို့ ကွန်မန့်ပြန်ရေးပြီး ”ဘယ်မှာပြောသွားတာလဲ ။ညွှန်ပြပေးဖို့“ ပြန်မေးခဲ့ပေမယ့် လိုချင်တဲ့ လင့်ခ် စောင့်ပေမယ့်  မရခဲ့လို့-ကိုယ်တိုင်ရှာဖွေလိုက်တော့ အခုတွေ့ရှိခဲ့ပါတယ်။အဲဒီစကားကို ကိုသူရက ၂၀၁၂ခု၊၂လပိုင်း၊၄ရက်နေ့ ၊၀ါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ ယူကျု ရုပ်သံဖိုင် (၂၃း၁၆) မှာ စပြီး ပြောခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

http://youtu.be/7Irr0ruwcs8



ဇာဂနာပြောတဲ့ မြောက်ပိုင်းကိစ္စအကြောင်းအရာ အကျဉ်းချုပ်က-” အခုမီဒီယာတွေမှာ ထိုးတင်နေကြတာ မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်ဖြတ်တဲ့ကိစ္စ။အဲဒီမှာ သတ်တဲ့အရေအတွက်နဲ့ စစ်တပ်က သတ်ခဲ့တဲ့ မြန်မာလူမျိုးအရေအတွက် ဘယ်ဟာပိုများလဲ။....ထိန်လင်းတို့၊မောင်မောင်ဝမ်းတို့ သူတို့ တကယ်ကြုံခဲ့တာ မှန်ပါတယ်။...
ဘယ်သူလှည့်ကွက်ထဲကို ဘယ်သူ ၀င်နေတယ် ဆိုတာ နည်းနည်း စဉ်းစားကြပါဦး။...ကျနော်တို့ ကိုယ်တိုင် ပုရွက်ဆိတ်တွေ ဖြစ်ကုန်တယ်။အဲဒါလေးလည်း စဉ်းစားစေချင်တယ်....”တဲ့။ကိုသူရကို ကျနော်စဉ်းစားမိတာလေး ပြန်ရေးပြလိုက်ပါတယ်။”မြန်မာစစ်တပ်နဲ့စစ်ထောက်လှမ်းရေးတွေ သတ်ခဲ့တယ်ဆိုတာက သူတို့က သူတို့နဲ့ဆန့်ကျင်ဘက်မှန်သမျှကို ရန်သူလို့ သဘောထားပြီး သတ်ခဲ့တာ။သူတို့သတ်တာ ရှင်းတယ်။မထူးဆန်းဘူး။ရန်သူကို ရန်သူလို မြင်ပြီး သတ်တာ။))((မြောက်ပိုင်းမှာ သတ်ခဲ့တဲ့ကိစ္စက ကိုယ့်တော်လှန်ရေး ရဲဘော်ရဲမေ မိတ်ဆွေအချင်းချင်းကို ရန်သူလို့ စွပ်စွဲပြီး သတ်တာ။အရေအတွက်နည်းပေမယ့် အရမ်းကို ထူးဆန်းတယ်။မြန်မာ့သမိုင်းမှာ မေ့ခိုင်းလို့ မရတဲ့ သတ်ဖြတ်မှု..။))အဲဒီသတ်ဖြတ်မှုကို မြန်မာစစ်တပ်က သတ်ဖြတ်မှုထက် အရေအတွက် မများဘူး၊..ဆို တိုင်း forgive လုပ် မခိုင်းပါနဲ့။ forget လည်း လုပ်မခိုင်းပါနဲ့။အရေအတွက် ထက် အရည်အချင်းက ဒီကိစ္စမှာ အရေးပိုကြီးပါတယ်။((လူသတ်တဲ့ စစ်တပ်က သူ့ သမားရိုးကျအလုပ် လူသတ်ရမှာ၊လူသတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရမှာ ထူးဆန်းစွာ ဖော်ထုတ်စရာ မလိုဘူး။ပေါ်နေပြီးသား။))((အေး..
ဒါပေမယ့်..လူသတ်တဲ့ စစ်တပ်ကို ပြုပြင်ပြောင်းလဲ ပြောင်းပြန်လှန်ကာ တော်လှန်ချင်လို့ တော်လှန်ရေးလုပ်ဖို့ လာကြတဲ့ ကျောင်းသားတွေက သူတို့အချင်းချင်း ပြန်သတ်ကြတဲ့ သမားရိုးကျမဟုတ်တဲ့ ..မှားယွင်းတဲ့ အတွေးအခေါ်တွေ ..အရည်အချင်းတွေနဲ့ ဖောက်ပြန်ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ကြတဲ့ အမှုက အရမ်းကို ထူးဆန်းနေတယ်။အဲဒါတွေ နှစ်၂၀ကျော် မပေါ်ခဲ့လို့ အခု ဖော်ထုတ်နေတယ်။)) အဲဒီ မတရားတဲ့ ..ထူးဆန်းတဲ့ ..ကိုယ့်အချင်းချင်း ပြန်သတ်တဲ့ အမှု  ပေါ်ခဲ့တာဟာ ကိုသူရ ရဲ့ ပရုပ်ဆီ အ၀ိုင်းခံရတဲ့ ပုရွက်ဆိတ် ဥပမာ ကို လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကာလကတည်းက အဲဒီ လူသတ်သမားတွေဆီ ကြိုတင် အမှီ သတင်းစကား မပို့ပေးနိုင်ခဲ့တဲ့ ကိုသူရရဲ့ အားနည်းချက်လို့ အပြစ်တင်ချင်တယ်။ ဒါ့ကြောင့် မြောက်ပိုင်းက လူသားစား ပုရွက်ဆိတ် တစုဟာ သူတို့ကိုယ်တိုင် မြောက်ပိုင်းကွင်းထဲ ၀ိုင်းထိုင်ပြီး -ပုရွက်ဆိတ် တော်လှန်ရေးသမားအချင်းချင်း ခေါင်းဖြတ်ကိုက်သတ်ပြီး ပြီးသွားခဲ့ပြီ ထင်ခဲ့ပေမယ့် - အခု သူတို့ကွင်းထဲကနေ သူတို့ကိုယ်တိုင် မရုန်းထွက်နိုင်ဘဲ ရှိနေသေးတာမို့ - ဒီကွင်းထဲက ရုန်းကန်ရှင်သန်ခြင်းမရှိအောင်- ဒီကွင်းထဲမှာပဲ လုံးပါးပါးပြီး ကြိုးကွင်းစွပ်ပြီး သေအောင် -အမှုမှန်ဖော်ထုတ်နေမှုတွေကို မှေးမှိန်အောင် -ကိုသူရတို့ လို လူတွေ လှည့်ကွက်စကားတွေ ၀င်မပြောသင့်ပါ..လို့ စဉ်းစားမိတဲ့အတိုင်း ရေးချလိုက်ပါတယ်။အရေအတွက်နဲ့အရည်အချင်း ကွဲပြားပါစေ ကိုသူရ ဇာဂနာရေ။

(အိုးဝေအောင်)
---------------------
he will forgive but not forget the masscare of 88 by the Burmese regime.

http://youtu.be/WezMwn9aE5I
----------------------------------------------------

Viewing all articles
Browse latest Browse all 146

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...