Quantcast
Channel: Oh Burma.အိုးဝေအောင်(အိုးဘားမား)
Viewing all articles
Browse latest Browse all 146

အကြွေးဟောင်းကို ပြန်ဝိုင်းဆပ်ခြင်း(ဒေါင်းနီ)

$
0
0
အကြွေးဟောင်းကို ပြန်ဝိုင်းဆပ်ခြင်း
 (ဒေါင်းနီ)

မြောက်ဖက်တောင်ကုန်းထက်
အရိုးတံပိုးမှုတ်သံ သိမ့်သိမ့်ခါဟီးထ
သွေးနံစွဲတဲ့ ထင်းရူးတောတွေ
 ငြီးငြူလက်ခမောင်းခတ် တောက်ခေါက်
ကြောက်မက်ထိတ်လန့် ဖွယ် ခွပ်ဒေါင်းကျိန်စာ
မိုးအောက်မြေပြင် စွဲခါလှုပ်နှိုး
သူရဲကောင်းဝိညာဉ်တွေ ဒုန်းစိုင်းစီးဆင်း
လောကတံတိုင်းလဲပြိုပွင့်
တရားခံမိစ္ဆာယုတ်တွေ တည်ရာမဲ့ ခန္ဓာ
သိက္ခာ စည်းစိမ် တစ်စစီ ပျက်သုန်းကြ ။

ဇာတ်မသိမ်းသေးတဲ့ ဒဏ်ရာများနဲ့ 
ငါတို့  လူထုအောင်ပွဲ ခရီးကြမ်းရှည်မှာ
ထလော့ ..တို့ အညတြ ရဲဘော်တွေ ---
လာလော့ ..ငါတို့  သူရဲကောင်းတွေ ---
တိုက်လော့ ..ငါတို့  အာဇာနည်တွေ ---
ဝိုင်းရံ အာခံကြလော့ ..တို့ ရဲဘော်ရဲဘက်ကောင်းတွေ --- ။

စူးရှပြင်းထန်တဲ့ ကြုံးဝါးသံနက်ကြီး
ရင်ခွင်အားလုံးထဲ ဆွဲဖွင့်တိုးဝင်
နှစ်များစွာ မွန်းကျပ်ဆွံအ နှလုံသားမျက်ရည်အိမ် သွန်းဖြိုးလှိုင်းထ
ဆန္ဒပြသံ ကျည်ပေါက်သံ ကြေးစည်ထုသံ ချစ်သူအမျှဝေသံ ပွင့်လျှံ
သက်ပြင်းခြွေချ အံကြိတ်ရင်ကော့ အရိပ်တွေ ပူးဝင်နာခံ ရှင်ပြန်နေကြ ။
ယုံကြည်ချက် ဟုန်းဟုန်းတောက်ပတဲ့ အလေးပြုခံ ရဲဘော်တို့ ရေ ---
သင်တို့ ဟာ ---
တော်လှန်သွေးသမိုင်းမှာ ထာဝရ အာဂသူရဲကောင်း မှော်ကွန်းတင်ခဲ့ပြီသာပ ။၊ ။၊

(ဒေါင်းနီ)
၀၂-၁၀-၂၀၁၂
( သူရဲကောင်းပီသစွာ ကျဆုံးကြွေလွင့်သွားသော မ က ဒ တ မြောက်ပိုင်း ယုံကြည်ချက် ရဲဘော်အပေါင်းသို့ ။)

Viewing all articles
Browse latest Browse all 146

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...