2012 ကို တည်ငြိမ်စွာ နှစ်သစ်ကူးပြီ။
၂၀၁၂ နှစ်သစ်ကူးကို ဘာ့ကြောင့် တည်ငြိမ်စွာ ဖြတ်သန်းရသလဲ။ကိုယ့်မေးခွန်း ကိုယ်ပြန်ဖြေမယ်။
(၁)ဒီနှစ်သစ်ကူးက အရင်နှစ်သစ်ကူးနဲ့မတူဘဲ အလုပ်နားရတယ်။(ဆိုလိုတာက အလုပ်နားရက် xနှစ်သစ်ကူးရက် အိမ်မှာနားချိန် သူများတွေလို နှစ်သစ်ကူးကို အဖျော်ယမကာတွေမှီဝဲပြီး ကူးလို့ရတယ်။) သို့သော် ကျနော့်သားလေးတသက် အရက်သေစာ မမှီဝဲခဲ့တာ ဒီနေ့ထိ အဓိဌာန် မပျက်သေးဘူး။ဒါ့ကြောင့် သူများတွေ သောက်စားပျော်ပါးပြီး နှစ်သစ်မကူးခဲ့ဘူး။ တည်ငြိမ်စွာနဲ့ခရစ်နှစ်သစ်ကို ကူးခဲ့တယ်။ကျနော့သားလေးနဲ့ဝက်နံရိုးတွေကြော်စားရင်း ည ၁၂နာရီကျော်အထိ နေခဲ့တယ်။
(၂) သူများတွေလို သောက်စားပျော်ပါးပြီး နှစ်သစ်မကူးခဲ့ဘူး။ တည်ငြိမ်စွာနဲ့ခရစ်နှစ်သစ်ကို ကူးခဲ့တယ်။(အိမ်နားက ခရစ်ယာန်တွေက သောက်စားပျော်ပါး ကာ သူတို့ခရစ်နှစ်ကို ကူးကြတာ ကြည့်လို့ကောင်းတယ်။သဘာဝကျတယ်။သူတို့က သူတို့ဘာသာကိုး။) အိမ်အဝေးက ပြည်ပရောက် မြန်မာတွေ(အများစုက ဗုဒ္ဓဘာသာတွေ)လည်း
သောက်စားမူးယစ်ကာ ခရစ် နှစ်သစ်ကို ကူးကြပြန်တယ်။ကြည့်လို့ မကောင်းဘူး။သဘာဝ မကျဘူး။ဘောင်းဘီဝတ် မိုးတိမ်တွေ။သူများမြေမှာနေ သူများရေကိုသောက်။ကိုယ့်ဘာသာကို မေ့ပျောက်။သူများ ခရစ်နှစ်ကူးဆို လိုက်ကူးကြ။(တကယ်တွေးကြည့်နော်။သဘာဝ ကျကျတွေးကြည့်။)မြန်မာသက္ကရာဇ်ကို မေ့နေကြတယ်။ဗုဒ္ဓသာသနာနှစ်ကို မေ့နေကြတယ်။
(ကျနော်အပါအ၀င် ကမ္ဘာ့လူသားတွေအများစုက အများသုံး ခရစ်သက္ကရာဇ် ခရစ်နှစ်ကိုပဲ လွယ်လွယ်သုံးလာကြတော့တယ်။)
(၃)ခရစ်နှစ်သစ်ကူးတာကို ကျနော့်သားလေး ပထမဆုံး မြင်ဖူးအောင်လို့ ည၁၂နာရီထိုးတာနဲ့ ချမ်းအေးတဲ့ဆောင်းဥတုကို အံတုရင်း သားလေးကို ချီပြီး အိမ်အပြင်ဘက် ထွက်ကာ ခပ်လှမ်းလှမ်းက ဗျောက်အိုး ဖေါက်နေတာတွေ။ရောင်စုံ မီးကျည် မီးပန်းတွေ လွှတ်နေကြတာတွေကို ဗဟုသုတအဖြစ် ချီပြမိတယ်။ပထမတော့ ရောင်စုံမီးပန်းတွေကိုကြည့်ရင်း အံ့သြကြည်နူးနေသလိုဖြစ်ရင်း..ခပ်လှမ်းလှမ်းက ဗုန်းပေါက်သလို ကျယ်လောင်တဲ့ ဗျောက်အိုးဖောက်သံကြီးတွေ သားလေးကြားလာရလို့လားမသိဘူး။ တခါမှ မကြားဖူးတော့”သား ကြောက်တယ် အိမ်ထဲဝင်မယ်”ထပ်ခါပြောနေလို့ အိမ်ထဲပြန်ဝင်လိုက်ရတယ်။တခါတည်း အင်တာနက်ရှေ့ထိုင်လိုက်ရင်း အတွေးတခု ၀င်လာမိတယ်။”ငါ့သားလေးသာ ရန်ကုန်မှာ ရှိရင် ခဏခဏ ဗုန်းပေါက်သံကြားနေရတဲ့ ရန်ကုန်အထာကြောင့် ငါ့သား ကြောက်မှာ မဟုတ်ဘူး။ရိုးသွားမှာ”လို့..ကြံကြံဖန်ဖန်တွေးမိတယ်။အခု သားက အမေရိကမှာကိုး။ဗုံးပေါက်တာတွေ မကြားဖူးတော့ ဗျောက်အိုးအသံကျယ်တာလေးကို ကြောက်နေမိတဲ့ အဖြစ်လို့။
(၄) ၂၀၁၂ နှစ်သစ်ကူး တရက်နေ့အစ ၁၂နာရီ ၅မိနစ်မှာ အင်တာနက်ဖွင့်ရင်း စက်ရှေ့ထိုင်လိုက်တော့ ပထမဆုံး တက်လာနှုတ်ဆက်တဲ့ အစိမ်း(သူရဲ)မိတ်ဆွေက သက်ထားမြင့်တဲ့။(ကျနော့် ၂၀၁၂ရဲ့ ဒိုင်ယာရီ စာမျက်နှာ ၁မှာ မှတ်တမ်းတင်ပါတယ်။)ဒုတိယမှတ်တမ်းတင်ရမယ့်သူက ချက်တင်းတက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုနိုင်ကိုကို။သူ ပြောပြလို့ ဒေါက်တာနေ၀င်းမောင်ဆုံးတာ သိလိုက်ရတယ်။သူက ကြော်ငြာဝင်တယ်။သူ့ဝေါလ်မှာ သွားကြည့်တဲ့။ဒါနဲ့ ကျနော်လည်း သွားကြည့်တယ်။အံမယ်..သူ့ဝေါလ်က အရင်နဲ့မတူဘဲ ကိုသူရ(ဇာဂနာ့ဝေါလ်)လို စာမျက်နှာပြည့်ကြီး။ခန့်ခန့်ထည်ထည်ကြီး။ဒါနဲ့ကျနော်ပြန်လှည့်လာပြီး ထုံးစံအတိုင်း စပ်စုတော့တယ်။အဲဒါ ဖေ့စ်ဘွတ်ခ် time line လို့ ခေါ်တယ်..တဲ့။ပြောင်းချင်ရင် ဘယ်လို လုပ်ရသလဲဆိုတော့..ဂူဂယ် search မှာ fb time line လို့ ရိုက်ထည့်လိုက်။တိုင်းမ်လိုင်း စာမျက်နှာပေါ်လာရင် stories ကို ရွေး။ပြီးတာနဲ့ get time line now ရွေး။ပြီးတာနဲ့ publish ကို နှိပ်။ပြီးတာနဲ့ ကိုယ်ထည့်ချင်တဲ့ cover picture ကို ပြန်ထည့်လိုက်တယ်။ပထမ ကာဗာပုံက ကျနော့ဘလော့က ဘန်နာပုံ ကော်ပီယူပြီးထည့်ကြည့်တယ်။ပုံကကြီးနေတော့ မဆန့်ဘူး။ဒါနဲ့ ကြံရာမရတာနဲ့ ထောင်ထွက်လက်မှတ် (လွှတ်ဝရမ်း)ပုံ ထည့်လိုက်တာ အတော်ပဲ။အခုမြင်နေရတဲ့ ကာဗာပုံပဲ။ဒါ့ကြောင့် ၂၀၁၂ အစမှာ ထူးထူးခြားခြား တခု စလိုက်တယ်။ဖေ့စ်ဘုတ်ခ်မှာ time line ဆိုတာကြီးကို ပြောင်းလဲအောင်မြင်သွားတယ်။(အ၇မ်းကြီးမားတာကိုး)။ဒါ့ကြောင့် ၂၀၁၂ ဒိုင်ယာရီရဲ့ ဒုတိယစာမျက်နှာမှာ ကိုနိုင်ကိုကို့ကောင်းမှူကြောင့် ဖဘ တိုင်းမ်လိုင်း ဆိုတာသို့ ပြောင်းခဲ့ကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။