မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ ( အပိုင်း - ၁ ) (အောင်မိုးဝင်း)

(၁)
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသ က ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသား တပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။
ကျောင်းသားတပ်မတော် နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြု မခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါ လိမ့်မယ်။
လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုး ကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်း အရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေ ဟာ၊ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ် ခံ ပျော်မြူးခဲ့ကြတယ်။
ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော် ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊
“ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။
ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရ ပါတယ်။
ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချ ထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါ ကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေ အပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။

(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်း ကို ပေးပို့ လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ် ထားခဲ့တယ်။
နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။
မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။
ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲ စစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများ ကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံ လိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန် တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ် ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ် ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့ သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြော သလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြား ရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံး ချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှု ထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင် သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

[ကျွန်နော်လဲ အမှန်တရားကို ဖေါ်ထုတ်ခွင့်မရှိဘူးလို့ ပြောနေတာ မဟုတ်ဘူးလေ။ ဖေါ်ကောင် ဘညွန့် လုပ်နေတဲ့သူတွေက ပညာတတ်တွေပါပဲ။ အရပ်ဖက်ဆိုင်ရာ ရာဇ၀တ်မှုနှင့် စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကို ဘယ်အချိန်ကာလမှာ ဘယ်လို အပြစ်ဒဏ် စီရင်သလဲဆိုတာကိုလဲ သူတို့ ဖတ်ဖူးမှတ်ဖူးမှာပါ။ မသိဘူးဆိုရင်တော့ တမျိုးပေါ့။ သိတယ်ဆိုရင်တော့ ဖြေရှင်းခြင်း နောက်ကွယ်မှာ မရိုးသားမှုတခုခု ရှိတယ်လို့ ကောက်ချက်ဆွဲရမှာပဲ။ ယောင်ဝါးတွေပါ လုပ်ချင်တာ တခုပဲ သိတယ်။ သေနတ်ကိုင်တယ်ဆိုတာ ဥပုတ်စောင့်ပြီး လူသတ်နေတာမှ မဟုတ်တာ၊ ဒီဇာတ်လမ်းက နိုင်ငံပြု ၀စ်ဆိုက်မှာ ကိုထိန်လင်း ( ပန်းချီ ) မှ သူခံစားခဲ့ရတာကို ဆောင်းပါးလုပ်ပြီးရေးတယ်။ ဒီကနေ ဖေါ်ကောင်တွေက ပွားလိုက်တာပါ။ အခုက ဆောင်းပါးရှင်ကိုယ်တိုင်က ငြိမ်နေတယ်။ သိတယ်ဟုတ် ဘီဘီစီ ကိစ္စလို အွန်လိုင်းပေါ်တင်ပြီး အဖွဲ့အစည်းကို ၀ိုင်းနိပ်ကွပ်မဲ့ အနေအထားဗျ။ ဖေါ်ကောင်တွေမှာ လောလောဆယ် သတ်ကွင်းမရှိ ဖြစ်နေတယ်လေ။ ဒါကြောင့် ဒီပြသာနာကို ဆွဲထည့်လာတာ ဒီသတ်ကွင်းကို ဘယ်လို ကာကွယ်မလဲဆိုတာကိုပဲ စဉ်းစားကြပါ။ အားလုံး သိအောင် ဇာတ်လမ်းအကျဉ်း ပြောပြမယ်။ နိုင်ငံပြု ၀စ်ဆိုက်က တင်ထားတာကို ကိုထိုက်နှင့် ကိုသားဆွေက စဖေါ်တယ်။ ဒါကို ကျွန်နော်က ခင်ခင်မင်မင်ရှိတဲ့ ကိုသားဆွေရဲ့ ဖဘမှာ စောလွန်းတယ်လို့ ပြောမိတယ်။ နောက် ကိုနိုင်အောင်နဲ့ ကိုမောင်မောင်ဝမ်းတို့ စကားတွေ ပြောကြပြီး ဘာတွေ မကြေနပ် မဖြစ်သလဲတော့မသိ၊ မောင်မောင်ဝမ်းက ကိုအောင်မိုးဝင်းရေးထားတဲ့ မြောက်ပိုင်းက အရိုးတွန်သံ ဆောင်းပါးကို လူတကာ လိုက်ပို့တာပဲ...လူကြီးလူကောင်းလဲ ဆန်ချင်သေး .. စိတ်လေတယ်] My question is why is Ko Htay Aung စိတ်လေတယ် ???? Is it againt Dr. Naing Aung's interest? Shame on you Htay Aung..Shame on you...Shame on you...
Thursday at 3:26pm · Like · 5
Nay Oo-People ဆောင်းပါးရှင်က ကိုအောင်မိုးဝင်းဆိုပေမယ့်..ကိုအောင်မိုးဝင်းမရေးခင်ကထည်းက ကျနော်တို့ပြည်တွင်းကလူတွေ ကချင်ကိတ်စကိုအသေးစိတ်တခုမကျန်သိပြီးသားပါ.။ မန္တလေးကလူတွေက ဒီကိတ်စနဲ့ပတ်သက်ပြီး ဘယ်လို့မှ အခဲမကြေကြဘူး ဆိုတာကိုလည်း သိထားခဲ့ပါတယ်.။ သေဆုံးသွားတဲ့ကျောင်းသားတွေကို ဘယ်လိုနှိပ်စက်ခဲ့တယ်ဆိုတာကိုလည်း အများပြည်သူနည်းတူ အစအဆုံးအလုံးစုံသိပြီးသားပါ.။
ကိုဌေးအောင်ရေးတဲ့ပုံအရဆိုရင် အသတ်မခံရလို့ လွတ်မြောက်လာတဲ့သူတွေက ယနေ့အချိန်မှာဖေါ်ကောင်တွေဖြစ်သွားပြီး သူတို့နာနာကြည်းကြည်းကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်ဆိုးကြီးကိုပြန် ဖေါ်တဲ့အတွက် အပြစ်ရှိသလိုဖြစ်နေတယ်.။ ဒီလိုပြောတာမှန်ရင်တော့ ကိုဌေးအောင်ခင်ဗျားလည်း အတော်အရှက်မရှိတဲ့လူပဲ။ ကိုဌေးအောင်ရေ.. ဒါဆို..ခင်ဗျားပြောနေတဲ့လူ့အခွင့်အရေးဒီမိုကရေစီရေးဆိုတာတွေဘယ်နားသွားထားမလည်း။ ခင်ဗျားပြောသလို (Aye Aye Soe Win မှကိုဌေးအောင်ပြောသည်ကိုရှာဖွေတွေ့ရှိရေးသားသည်) " "အရပ်ဖက်ဆိုင်ရာ ရာဇ၀တ်မှုနှင့် စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကို ဘယ်အချိန်ကာလမှာ ဘယ်လို အပြစ်ဒဏ် စီရင်သလဲဆိုတာကိုလဲ သူတို့ ဖတ်ဖူးမှတ်ဖူးမှာပါ။" ဆိုတာရယ်.." "သေနတ်ကိုင်တယ်ဆိုတာ ဥပုတ်စောင့်ပြီး လူသတ်နေတာမှ မဟုတ်တာ၊" ဆိုတဲ့ခင်ဗျားရဲ့ပြောင်မြောက်တဲ့အတွေးအခေါ်တွေကို ယနေ့အကျဉ်းထောင်တွေထဲမှာ စစ်ကြောရေးစခန်းတွေမှာ ကျနော်တို့ဒီမိုကရေစီဘက်တော်သားတွေကိုနှိပ်စက်နေတဲ့ စစ်တပ်စစ်ကြောရေးစခန်း ညင်းပန်းနှိပ်စက်ရေးစခန်းကလူတွေ စစ်တပ်ထောက်လှန်းရေးကလူတွေက အတော်ကြိုက်ကြမှာပဲ။ သူတို့ကလည်းခင်ဗျားပြောသလို မြိန်ရည်ယှက်ရည်ပြောကြတော့မှာပေါ့။
Thursday at 4:06pm · Like · 11
Ko Htike အသက်တွေ၊ ဘဝတွေ စတေးခံရတဲ့ လူတွေက .. အဖြစ်မှန်ကို ပြန်ပြောတာလေးတောင် ခင်ဗျားတို့က ဖေါ်ကောင်လို့ သွယ်ဝိုက် ပြောပြီး .. သွေးအေး လူသတ်သမားတွေဘက်က "နာ"နေကြတာ .. ခင်ဗျားတို့ စိတ်ဓါတ်တွေ တော်တော် အံ့သြဖို့ ကောင်းတယ်။ နှမချင်း မစာနာ လုပ်ခဲ့တဲ့ လူတွေဘက်က ကာကွယ်ပေးဖို့ စကားလုံးတွေ ထွက်ရက်တယ်။ ခင်ဗျားတို့လို လူတွေရဲ့ စိတ်နဲ့ အတွေးအခေါ်တွေကို ဘယ်လို တွေးခေါ် ပြောဆိုသလဲဆိုတာ နားမလည်နိုင်ဘူး။ ခင်ဗျားတို့ ... အစ်မ၊ နှမ တွေ မခင်ချိုဦး ခံရသလို ခံရတဲ့ အခါ .. ခင်ဗျားတို့ အဲလို ပြောနိုင်ဦးမလား ဆိုတာ တွေးကြည့်ကြပေါ့ဗျာ။
Thursday at 4:15pm · Like · 23
Aye Aye Soe Win Ko Htike: Bravo for these words...I will put my whole salary to go after these wicked people. Htay Aung should be ashamed of himself...He first said it is too early. Now he is attacking Ko Mg Mg wann, Aung Moe Win, Ko Htein Linn, and all discussing this. Those watching this with their arms folded are as bad as the murderers. {.သွေးအေး လူသတ်သမားတွေဘက်က "နာ"နေကြတာ .. ခင်ဗျားတို့ စိတ်ဓါတ်တွေ တော်တော် အံ့သြဖို့ ကောင်းတယ်။ နှမချင်း မစာနာ လုပ်ခဲ့တဲ့ လူတွေဘက်က ကာကွယ်ပေးဖို့ စကားလုံးတွေ ထွက်ရက်တယ်။ ခင်ဗျားတို့လို လူတွေရဲ့ စိတ်နဲ့ အတွေးအခေါ်တွေကို ဘယ်လို တွေးခေါ် ပြောဆိုသလဲဆိုတာ နားမလည်နိုင်ဘူး။ ခင်ဗျားတို့ ... အစ်မ၊ နှမ တွေ မခင်ချိုဦး ခံရသလို ခံရတဲ့ အခါ .. ခင်ဗျားတို့ အဲလို ပြောနိုင်ဦးမလား ဆိုတာ တွေးကြည့်ကြပေါ့ဗျာ။}
Thursday at 4:20pm · Like · 8
Aye Aye Soe Win This very Htay Aung (ABSDF), is indeed an accomplice and supporter of the murderers. He also said on his wall: "ဗိုလ်ချုပ် ခင်ညွှန့် နိပ်ကွပ်လို့ ညီအစ်ကိုတော်တွေ သွေးဖြင့် ခင်းထားတဲ့ လမ်းကို ဖြတ်လျှောက်ပြီး လွတ်မြောက် လာခဲ့သူ တချို့ဟာ... ယနေ့အချိန်မှာ ဗိုလ်ခင်ညွှန်၏ လက်စွဲ ဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းသူ သမိုင်း စာအုပ်ထဲက အချက်အလက်တချို့နှင့် ကောင်းရာနိုးနိုးတွေ ရှာဖွေတင်ပြရင်း ကျေးစွပ်နေကြလေပြီ၊ တချို့ကလည်း စောင့်သင့်တဲ့ အချိန်တခုကို မစောင့်နိုင်ဘဲ၊ အမှန်တရားကို ဖေါ်ထုတ်ကြ ခေါင်းစဉ်နဲ့ ဇာတ်တူသားစားနေကြပါပြီလေ.. ခေတ်သစ် သမိုင်းတွင် အကြည်းတန်ဆုံးသော လုပ်ရပ်တွေပါပဲ...
ITခေတ် ငလောက်ဖျား... {According to this shameless Htay Aung, we are ITခေတ် ငလောက်ဖျား ha ha ha }
Thursday at 4:27pm · Like · 6
Zaw Ye Ko Htike Htay Aung လဲ အမူ့ တွဲဘဲ လေ ဒါကြောင့် လိုက်ကာကွယ်နေတာပေါ့ သူ့ တို က ဗဟို လူကြီးတွေ ဆိုတော့
Thursday at 4:28pm · Like · 3
Aye Aye Soe Win They are too wicked...it makes me sick...
Thursday at 4:29pm · Like · 4
Zaw Ye ရီတော့ ရီရတယ် အခုမှ လာပြီ ဗဟို မှာတာဝန် မရှိဖူး မြောက်ပိုင်း ဗဟိုမှာဘဲ တာဝန် ရှိတယ် လာပြောနေကြတယ် ခေါင်းဆောင် လုပ်တုံး ကလုပ်ပြီး အခုမှတာဝန်မဲ့ စကားပြောနေကြတယ်
Thursday at 4:46pm · Like · 5
Aye Aye Soe Win ဘယ်ဖက်ကပဲ မတရားလုပ်လုပ် မတရားတာကို ခံခဲ့ရသူတွေက
မတရားမှုအကြောင်း လူသိအောင် ဖွင့်ပြောဖို့  နှစ် နှစ်ဆယ်ကျော်
အောင့်အီး သည်းခံ ရမယ်လို့  ဘယ်ဘုရားကမှ မဟောခဲ့ပါဘူး ..
Thursday at 4:47pm · Like · 5
Nay Oo-People Ko Zaw Ye, so he is former ABSDF member Htay Aung (from Dr. Naing Aung's side) who claimed that he is an expert who knows well about the Burmese Army?
Thursday at 4:47pm · Like · 2
Aye Aye Soe Win yes..he is the guy..yes, He is the same double-edged thug who said he knows Ko Htein Lin so well.
Thursday at 4:48pm · Like · 2
Zaw Ye YES HE IS
Thursday at 4:48pm · Like · 2
Nay Oo-People OH MY GOD!!!! Then he is the real Htay Aung I am talking about! OH MY GOD!!!! The world is really small! Now almost all actors come out and it is like we are going to watch the end of story. It was learned from a reliable source from Thailand that he (this Htay Aung) also used the same sickening methods to torture people when he was in a Salween River camp. I will find out what horrible things he exactly did to accused prisoners. Or anyone who knows about him, please help the public know about him too.
Thursday at 5:00pm · Like · 3
Htay Aung ကို Nay Oo-People၊ အကို ထင်တဲ့ လူမဟုတ်ပါ။ ကိုယ့် ပရိုဖိုင်မှာ From Palaw, Tanintharyi, Burma ရှိတယ်လေ သေသေချာချာ ကြည့်ရင် ဘယ်သူဘယ်ဝါမှန်း သိနိုင်တယ်လေ၊ ဟိုသတင်းဌာန ဒီသတင်းဌာနမှာ ဖွနေတဲ့ ကိုဌေးအောင် မဟုတ်၊ အနီးစပ်ဆုံး မှန်မှန်ကန်ကန် သိနိုင်ဖို့ ... သူ့ရဲ့ ပြောနေတဲ့ လေယူလသိမ်းက တနင်္သာရီတိုင်းသား လေသံမဟုတ်ဘူးလို့ အကဲခတ်ရင် သိနိုင်တယ်။
Thursday at 6:33pm · Like · 2
Nay Oo-People ဆောရီး ကိုဌေးအောင်၊ ကျနော်ထင်တဲ့ ဒီဗွီဘီမှာပြောနေတဲ့ ကိုဌေးအောင်မဟုတ်ခဲ့ရင် ကျနော့်ကိုခွင့်လွတ်ပေးပါ။ emotion နဲနဲများသွားတယ်ဗျာ။ အခုလိုပြောပြတာကျေးဇူးတင်ပါတယ်။ ကျနော်တခြားသူများကိုမေးတော့ သူတို့က ခင်ဗျားလို့ပြောလို့။ ကျနော်စွပ်စွဲတဲ့ ကိတ်စနဲ့ပတ်သက်လို့ ခင်ဗျားကိုအားလုံးနားလည်မှုလွဲသွားရင်လည်း ကျနော့်ကိုပဲအပြစ်တင်ကြပါရန်။
Thursday at 6:49pm · Like · 1
Aye Aye Soe Win You said these words on your page..Htay Aung it is on your page..
Thursday at 6:52pm · Like · 1
Aye Aye Soe Win Htay Aung:
ဗိုလ်ချုပ် ခင်ညွှန့် နိပ်ကွပ်လို့ ညီအစ်ကိုတော်တွေ သွေးဖြင့် ခင်းထားတဲ့ လမ်းကို ဖြတ်လျှောက်ပြီး လွတ်မြောက် လာခဲ့သူ တချို့ဟာ... ယနေ့အချိန်မှာ ဗိုလ်ခင်ညွှန်၏ လက်စွဲ ဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းသူ သမိုင်း စာအုပ်ထဲက အချက်အလက်တချို့နှင့် ကောင်းရာနိုးနိုးတွေ ရှာဖွေတင်ပြရင်း ကျေးစွပ်နေကြလေပြီ၊ တချို့ကလည်း စောင့်သင့်တဲ့ အချိန်တခုကို မစောင့်နိုင်ဘဲ၊ အမှန်တရားကို ဖေါ်ထုတ်ကြ ခေါင်းစဉ်နဲ့ ဇာတ်တူသားစားနေကြပါပြီလေ.. ခေတ်သစ် သမိုင်းတွင် အကြည်းတန်ဆုံးသော လုပ်ရပ်တွေပါပဲ...
ITခေတ် ငလောက်ဖျား...
Like · · Unfollow Post · Share · Yesterday at 4:36am ·
Mg Thant likes this.
1 share
Khin Min Zaw ဘယ်အချိန်ထိစောင့်သင့်တယ်ထင်လို့လဲ ကိုဌေးအောင်။ ၉၂-၉၃ က ဆိုတော့ ခုဆိုရင် နှစ်ပေါင်း ၂၀ ပြည့်တော့မယ်လေ။ ရေးသင့်တယ်လို့ မြင်ပါတယ်။ အမှန်တရား အတိုင်းဖြစ်ရမှာပေါ့။ လုပ်တဲ့လူတွေဘက်မှာလဲ ဘာ့ကြောင့် လုပ်တယ်ဆိုတာ ရှိသလို ပြန်ရှင်းနိုင်တာပဲ။ ခံရသူတွေကလဲ ပြောခွင့်တော့ ရှိပါတယ်လေ။
Yesterday at 4:39am · Unlike · 3
Htay Aung သိတဲ့အတိုင်းပဲပါ။ ပြောခွင့်ရှိလို့ ပြောနေရတာလေ ဘယ်သူမှလဲ မပိတ်ပင်တားဆီးလို့မှ မရတာ။ ဒီလို အော်နေလို့လဲ အဖြေမှန်ရနိုင်မလား။ ဆိုလိုတာက ရှင်းနေတဲ့ပုံစံက မမှန်ကန်လို့ ပြောနေတာလေ။ သိတယ်ဟုတ် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေလေ။ အဲဒီတုန်းက အေဘီခေါင်းဆောင်တွေရယ် တိုင်းရင်းသားခေါင်းဆောင်တွေ ရှင်းမှ ပြီးတဲ့ ပြသာနာတခု မြင်တယ်လေ။ အဲဒီလူတွေ ဆုံတဲ့တနေ့ ရှင်းကြပေါ့
Yesterday at 4:44am · Like
Htay Aung
ကမ္ဘာ့ လက်နက်ကိုင် အဖွဲ့အစည်း၊ မြန်မာပြည် လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ မလွဲမသွေ ကြုံခဲ့ရတဲ့ ပြသာနာတွေပါ။ လက်နက်ကိုင်ရင် လက်နက်နဲ့ ပုံစံအမျိုးမျိုးသေခဲ့ကြရမှာပဲ ဒါက နိယာမ၊ ကြည့်နေပါ တက်လာပါလိမ့်မယ် ဒီပြသာနာကို အရင်းခံပြီး၊ အဖွဲ့အစည်းကို မြောင...See More
Yesterday at 5:11am · Like · 3
အင်ယု အင်ယု အဲဒါဘဲ ဒီတမနက်လုံး ဟိုလူတွေေ၇းထားတာတွေဖတ်ပီး ဒေါသတွေဖြစ်နေ၇တာ၊ မှတ်ချက်လာေ၇းနေကြတဲ့ လူတွေက AB အကြောင်းဘာမှမသိဘဲေ၇းချင်၇ာေ၇းနေကြပီ သက်ဆိုင်သူတွေကေ၇ငုံနုတ်ပိတ် လုပ်နေကြတယ် ကျနော်သိချင်တာက အဲဒီ မြောက်ပိုင်းက ရဲဘော်တွေတေ၇ာက်မှ ဒီဖက်ကိုေ၇ာက်မလာကြဘူးလား ဆိုတာဘဲ
18 hours ago · Like · 1
Htay Aung
ကျွန်နော်လဲ အမှန်တရားကို ဖေါ်ထုတ်ခွင့်မရှိဘူးလို့ ပြောနေတာ မဟုတ်ဘူးလေ။ ဖေါ်ကောင် ဘညွန့် လုပ်နေတဲ့သူတွေက ပညာတတ်တွေပါပဲ။ အရပ်ဖက်ဆိုင်ရာ ရာဇ၀တ်မှုနှင့် စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကို ဘယ်အချိန်ကာလမှာ ဘယ်လို အပြစ်ဒဏ် စီရင်သလဲဆိုတာကိုလဲ သူတို့ ဖတ်ဖူးမှတ်...See More
Thursday at 6:56pm · Like · 4
Nay Oo-People မအေးအေးစိုးဝင်း အဲဒီကိုဌေးအောင်က ကျနော်ပြောတဲ့ ဒီဗွီဘီက စစ်ရေးဆိုင်ရာကြွမ်းကျင်သူ ကိုဌေးအောင်မဟုတ်ဘူး (အဲလိုသူကပြောတယ်).။ ဒါကြောင့် ကျနော်ကတောင်းပန်လိုက်တာပါ.။ ဒါပေမယ့် ခင်ဗျားပြောနေတဲ့အတိုင်း သူက ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တာဝန်ရှိတဲ့သူတွေဘက် ကနားလည်မှုလွဲစွာ ရပ်တည်ပေးနေတာတော့ မြင်သာနေတာပဲ။ အဲဒီအတွက် သူ့ကိုဆန့်ကျင်တယ်.မအေးအေးစိုးဝင်းပြောတာ တင်ပြတာကျနော်ထောက်ခံတယ်.။ သူ့ရပ်တည်မှုနဲ့ပတ်သက်လို့ ယခုအချိန်မှာ သူ့အတွက် ကျနော်စိတ်မကောင်းဘူး။
Thursday at 6:59pm · Like · 4
Aye Aye Soe Win The words above are his words...he first provoked Ko Htike for posting it, now he is attacking all..
Thursday at 7:01pm · Like · 3
Aye Aye Soe Win This time they won't get away with...
Thursday at 7:02pm · Like · 2
Hlaing Bwa ဘယ်ဌေးအောင်ပဲဖြစ်ဖြစ် (တရုတ်နယ်စပ်က ဌေးအောင်ပဲဖြစ်ဖြစ် ဗန်ကူးဘား ကနေဒါက ဌေးအောင်ပဲဖြစ်ဖြစ်) (၈၈) မှာကျောင်းသား သေနတ်ပြေးဆွဲတဲ့ အကြောင်းရင်းဟာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွက်ပဲ ... အဲသည်ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပါတယ်ဆိုတဲ့ သူတွေက သူတို့ တိုက်ခဲ့တဲ့ အာဏာရှင်စံနစ်နဲ့  အာဏာရှင်တွေဆိုသူတွေ ထက်အဆများစွာပိုဆိုးတဲ့ ပြစ်မူ့ တွေကိုကျူးလွန်ထဲ့တာကို လက်နက်ကိုင်တွေရဲ့ သဘာဝပါလို့ ပြော ခြင်းဟာ တော်တော်ကို တရားလွန်နေပြီ၊စက်တင်ဘာ(၁၈)ရက်အာဏာသိမ်းပြီးနောက် တောင်ပေါင်း များစွာသော မြန်မာနိုင်ငံအရပ်ရပ်ကကျောင်းသားတွေ သေနတ်ပြေးဆွဲခဲ့ကြ တာ မြန်မာတပြည်လုံးတိုက်နိုင်တဲ့ သေနတ်မရပဲ ငှက်ဖျားပဲရပြီး နောက်ဆုံး ဘာကြောင့်အလဲလဲအကွဲကွဲအပြဲပြဲဖြစ်ခဲ့ကြသလဲ ကျောင်းသားအစစ်တွေ ထောက်လှမ်းရေးတံဆိပ်တပ်ခံရပြီး အသတ်ခံခဲ့ရသလဲဆိုတာ .... မင်းက ဘာကြောင့် လက်မခံရဲရတာလဲ ... မိုးသီးရော နိုင်အောင် (ဒေါက်တာ) ရော လှိုင်ဘွားနဲ့  Personalိရင်းနှီးခဲ့သူတွေပဲ ... နိုင်ငံရေးအရတော့ မသိကျွမ်းခဲ့ဘူး။ ဒါပေမဲ့ သေခဲ့တဲ့သူတွေ အသတ်ခံခဲ့ရသူတွေက နွားတွေဆိတ်တွေမဟုတ်ဘူးကွ ကျောင်းသားအစစ်တွေ။ ငါ (လှိုင်ဘွား) ကတော့ ငါနဲ့ ပတ်သက်ခဲ့တဲ့ အကြောင်းအဖြစ်မှန်တွေကို ပြောမှာပဲ .... ဥပမာ (၁၀၂) တင်လှအသတ်ခံရတဲ့ ကိစ္စမျိုးမှာ (၁၀၁) ကဘယ်သူတွေတာဝန်ရှိခဲ့သလဲဆိုတာမျိုး သည်အချိန်မြှာ ငါသိချင်တယ် ... အဲသည်အချိန်က (၁၀၂) မှာတာဝန်ရှိခဲ့တဲ့ငါ့အနေနဲ့  ငါသိတာကိုအခုပြောမှာပဲ ... သည်အချိန်မှာ အားလုံးဟာ Bias မပါပဲ မိမိသိတာ ကိုမိမိ အတတ်နိုင်ဆုဲံး နေ့ ရက် အချိန် အဖြစ်အပျက်နဲ့ တကွ (ဂဃနဏ) ပြောသင့်တဲ့အချိန်ပဲ .... မင်းက အချိန်မတန်သေးဘူးဆိုတာ ... ဘာကြောင့်အချိန်မတန်ရတာလဲ ရှင်းစမ်းပါဦး .... ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် သက်ဆိုင်သူတွေအားလုံးမှာတာဝန်ရှိတယ်။ ငါတို့ ညီအစ်ကိုတွေ ရဲဘော်ရက်ဘက်တွေအတွက် ... ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအမည်အတွင်းမှာ ငါတို့ မားမားမတ်မတ်ရပ်ရမှာပဲ ဘာပုဂိုလ်ရေးမှမပါဘူး။ မိုးသီးရော နိုငအောင်ရော ကျန်တဲ့ဘယ်သူပဲဖြစ်ဖြစ် လှိုင်ဘွားအနေနဲ့  သည်ကိစ္စတွေကို ရှင်းဖို့ တောင်းဆိုတယ်။ အဲသည်ဌေးအောင် ... ငါတခုပဲပြောမယ်ကွ .... အခုပြောနေကြတာ မင်းထင်သလို ပရောဂမပါဘူး ... စားခွက်လုနေကြတာမဟုတ်ဘူး ... မနာလိုတာမဟုတ်ဘူး ... မစ္ဆရိယမပါဘူး ... အစွဲမပါဘူး .. အဖြစ်မှန်တွေကို ပြောနေကြတာ။ ငါကိုတိုင်လည်း သည်ကိစ္စတွေကို အောင်မိုးဝင်းနဲ့ တိုင်ပင်မထားသလို ကိုမောင်မောင်ဝမ်းနဲ့ လည်း တိုင်ပင်မထားဘူး ... ကျန်တဲ့သူတွေလည်း သည်အတိုင်းပဲလို့ ထင်တယ်။ မင်းမှာ Transparency ရှိရင် မင်းကိုယ်မင်း ဘယ်သူဆိုတာ အရင်အများသိပစေ။ သည်ကိစ္စတွေမှာ မင်းရေးတဲ့ပုံစံ စရိုက်က သည်လိုအခြေအနေမှာ Inferior သိပ်ဖြစ်လွန်းတယ်။
Thursday at 7:36pm · Like · 14
Phay Phyo သြော် ဒီလိုလုပ်ရပ်တွေလုပ်တာ ကျောင်းသားတွေတဲ့လား စိတ်မကောင်းလိုက်တာဗျာ ဘယ်လိုစိတ်တွေများဝင်သွားပါလိမ့်နော် ...
Thursday at 7:59pm · Like · 1
Aye Aye Soe Win Htay Aung
မAye Aye Soe Win ..yes, Dr, naing aung's history... စကားအတွက် ဖြေရှင်းဖို့ အဆင်သင့်ရှိတယ်။ ကိုယ်ရေးတဲ့ စာကို ကိုယ်တာဝန်ယူပါတယ်။ ပြသာနာက အမ ကိုလဲ ကျွန်နော် ဘယ်သူ ဘယ်ဝါမှန်းတောင် မသိဘူး။ ကိုယ့် ဖဘတော့ ပရိုဖိုင်းက အမှန်ပဲ။ ဒါမှ စကားပြောကောင်းတာပေါ့။ နောက်တခုက ကျွန်နော် ဒီန်းမတ်နိုင်ငံမှာနေတယ်ဆိုတော့ အင်္ဂလိပ်စကား မတတ်ဘူး။ မြန်မာလိုနှင့် ဆွေးနွေးမယ်။ ၀မ်းနည်းစရာကောင်းတာက ဟိုစကား ဒီသယ် ဒီစကား ဟိုသယ်။ ဟိုလူက ဒီလိုပြောနေပြီ ဘာညာ အောက်လမ်းနည်းတွေ မသုံးပါနဲ့။ အဖြောက်သွားပါ။ ဒါမှ အမှန်တခုကို ရမယ်လို့ မြင်တယ်။
Thursday at 8:22pm · Like · 2
Aye Aye Soe Win This low-level thug is telling me that he is very very sincere...Just show your face Htay Aung..I live in NY..Everyone knows who I am...
Thursday at 8:22pm · Like · 4
Aye Aye Soe Win Htay Aung..you see me now.
Thursday at 8:27pm · Like · 1
အသောက အသောက အသောက ဖော်ထုပ်သူအပြစ်မရှိပါဘူး။ ဒီကိစ္စကဖုံးဖိထားရမယ်ကိစ္စမဟုတ်ပါဘူး။ ဒါမှ နောင်လာသားအများအတွက် သင်္ခန်းစာရမှာဖြစ်ပါတယ်။ ဒီလိုဖော်ထုပ်လို့ ကိုယ့်ကိုကို ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ။ ကျောင်းသူကျောင်းသား လေးတွေကို သတ်ဖြတ်ခြင်းဟာ အရမ်းကို ရက်စက်လွန်းပါတယ်။ သေနတ်ကိုင်တာတော့ သေနတ်ကိုင်တာပေါ့ဗျာ။ ကျောင်းသူကျောင်းသား ဆိုတာ ပညာတတ်လေးတွေပါ။ ဒါပေမယ့်...ပညာတတ်တိုင်း ဥါဏ်ရှိတာမဟုတ်ပါ။ ဥါဏ်ရှိတိုင်းလည်း (သတိ) မရှိပါ။ လက်တွေ့ဘ၀ အတွေ့အကြုံ၊ အလုပ် အတွေ့အကြုံတွေ ပေါင်းစပ်ပြီး မှ Wisdom လို့ခေါ်တဲ့ (အသိဥါဏ်) ကိုရရှိနိုင်ပါတယ်။ (လ)သာတိုင်း ထဟောင်တဲ့ (ခွေးရူး) လို ၊ စိတ်ခံစားမှု ဖြစ်တိုင်း ထအော် တဲ့ ပညာတတ် ကို ပညာတတ်ခွေးရူး လို့ပဲ သဘောထားကြမှာပါ။ စိတ်ထကြွတိုင်း Emotional ဖြစ်ပြီး ထထအော်ရင် EIQ ဇီးရိုးဆိုတာ သက်သေပြတာပဲ မဟုတ်ပါလား။ အဲဒါကြောင့် ကျောင်းသူကျောင်းသားလေးတွေဟာ တိုက်မယ်ဆိုက်မယ်ဆိုပြီး ပညာတွေ သင်ထားပါရဲ့ ဒါပေမယ့် ကိုယ်သင်တဲ့ပညာက ကိုယ့်လူအတွက်ဖြစ်သွားတယ်။ ......သတိ..သတိ...သတိ...
Thursday at 8:27pm · Like · 6
Aye Aye Soe Win This message is good for Dr. naing Aung and his friends..He is a medical doctor..so was his friend who was involved in the killings....
Thursday at 8:30pm · Like · 2
Hlaing Bwa ဌေးအောင်ငါမင်းအတွက် နှစ်သစ်ကူးလက်ဆောင် အလကားရလို့ ပို့ လိုက်တယ် (ဒါပေမဲ့ဘယ်လောက်စစ်တယ်ဆိုတာ ငါကိုယ်တိုင်လေ့လာပြီးမှ မင်းကို အကြောင်းပြန်မယ်။................................................... ............................. http://sanooaung.wordpress.com/2009/08/26/aung-naing-had-admitted-to-the-executions-and-killings-of-young-absdf-students-in-the-book-%E2%80%9Call-wars-are-dirty%E2%80%9D-by-phil-thornton/
Aung Naing had admitted to the executions and killings of young ABSDF students in the book, “All War
sanooaung.wordpress.com
Aung Naing had admitted to the executions and killings of young ABSDF students...See More
Thursday at 8:36pm · Like · 6
Aye Aye Soe Win Good news Readers: all the factual documents will be released soon and this is not going to disappear on FB in a few days. For non-Burmese observers, there will be English versions of what actually happened. All the low-level thugs and murderers and rats fo ABSDF, let me tell you one thing. Truth prevails Truth prevails..Truth prevails.
Thursday at 8:38pm · Like · 5
Aye Aye Soe Win let me ask you one thing Htay Aung (The one with the yellow bin around your head (((:- ) If you are so sincere, why don't you put your original words and comments here, right here at Ko Mg Mg Wann's page? You know that this is the main forum page for the whole discussion related to the killings at ABSDF north. You don't have guts to put your nasty words here in the first place. You do not think before you put your comment on your page.. You exposed yourself......hammm
Thursday at 8:49pm · Like · 5
Maung Maung Wann အထက်ကကွန်မန့်တွေမှာဝင်ရေးနေတဲ့..ကိုဌေးအောင် ( သူ့ကို ကျနော်မသိပါ ) ကဒီလိုပြောထားပါတယ်........အားလုံး သိအောင် ဇာတ်လမ်းအကျဉ်း ပြောပြမယ်။ နိုင်ငံပြု ၀စ်ဆိုက်က တင်ထားတာကို ကိုထိုက်နှင့် ကိုသားဆွေက စဖေါ်တယ်။ ဒါကို ကျွန်နော်က ခင်ခင်မင်မင်ရှိတဲ့ ကိုသားဆွေရဲ့ ဖဘမှာ စောလွန်းတယ်လို့ ပြောမိတယ်။ နောက် ကိုနိုင်အောင်နဲ့ ကိုမောင်မောင်ဝမ်းတို့ စကားတွေ ပြောကြပြီး ဘာတွေ မကြေနပ် မဖြစ်သလဲတော့မသိ၊ မောင်မောင်ဝမ်းက ကိုအောင်မိုးဝင်းရေးထားတဲ့ မြောက်ပိုင်းက အရိုးတွန်သံ ဆောင်းပါးကို လူတကာ လိုက်ပို့တာပဲ...လူကြီးလူကောင်းလဲ ဆန်ချင်သေး .. စိတ်လေတယ်--------------------------ကျနော်ကလည်းပြောချင်သေးတယ်....ကျနော်အပေါ်မှာလည်းပြောခဲ့ပြီးပြီ၊ မြောက်ပိုင်းက လွတ်မြောက်လာသူတွေနဲ့ကျနော်နဲ့ဘယ်လိုပတ်သက်သလည်းဆိုတာ....အဲဒီကာလတွေကထဲက....တနေ့မှာ ဒီကိစ္စတွေကို အမှန်ကို လူထုသိအောင်လုပ်မယ်ဆိုတဲ့ စိတ်က အားလုံးရင်ထဲမှာရှိတယ်.......။ ထိန်လင်းဆောင်းပါးကို ကိုထိုက်တို့...သားဆွေတို့ လည်းတင်တယ်...(ကျနော်တင်တာကိုကြ ထဲ့မပြောပါလား).ကျနော်က ကိုအောင်မိုးဝင်း ရေးတဲ့ မြောက်ပိုင်းက အရိုးတွန်သံဆောင်းပါးကြမှ ထ ဖွသလိုလို..ဒီဆောင်းပါးကို ...စပြီး ထိန်လင်းက တင်ကထဲက..သူကကျနော့်ဆီ မက်ဆေ့ပို့လိုက်တယ်...ငါ မြောက်ပိုင်း ကိစ္စကို နည်းနည်းစထားတယ်..ဆိုဖတ်ကြည့်လိုက်တော့...အရေးကြီးတင်ထင်လို့တင်ပေးလိုက်တာ.....ဒီဆောင်းပါး တင်အပြီးမှာ...ဒီ ဇတ်ထုတ်ကိုဖြည်ဘို့အချိန်တန်ပြီလို့ ကိုအောင်မိုးဝင်းက ယုံကြည်မိတဲ့အတွက် ဆက်တင်တယ်....ကျနော့်ဖေ့ဘွတ်ဝေါပေါ်မှာလည်း ဆက်တင်တယ်.....နောက်တခုက....ကျနော်နဲ့ ကိုနိုင်အောင် ဘာမှမဖြစ်...ထပ်ပြောမယ်...ဘာပြသနာမှမရှိ...ကွန်မင့်မှာဝင်ရေးတာကလွဲလို့...စကားနဲ့လည်း အဆက်သွယ်မလုပ်ဖြစ်တာကြာပြီ...ကာယကံရှင် ကိုနိုင်အောင် အရှင်လတ်လတ် သက်ရှိထင်ရှားစဲပါ.....မေးကြည့်ပါ....တခုတော့ပြောမယ်...ကိုယ်ပြော၊ကိုယ်ရေးခဲ့တဲ့စကားတွေစာတွေအတွက် တာဝန်တော့ခံရလိမ့်မယ်...ကျနော်က တာဝန်ခံနိုင်မှ ရေးတယ်ပြောတယ်....
Thursday at 9:06pm · Like · 13
Maung Maung Wann ဘယ်တုန်းကများ လူကြီးလူကောင်းဆန်ချင်ပါတယ် လို့..ကိုဌေးအောင်ကို ပြောထားမိပါလိမ့်...ခင်ဗျားလည်း ကျနော်မသိ...တခါမှလည်း အဆက်အစပ်မရှိ....အရေးကြီးဆုံးတချက်က..လွတ်လပ်တဲ့ ဖေ့ဘွတ်မီဒီယာမှာ...ကျနော်တို့အမြင်၊သဘောထား၊ပညာ၊အတွေ့အကြုံ...ကြိုက်တာတင်မယ်...ကြိုက်တာရေးမယ်...ဒါကို အများစုက အဆုံးဖြတ်ပေးလိမ့်မယ်....ဘယ်အချိန်မှာဘာလုပ်ပါ...ဘယ်အချိန်မှာညာလုပ်ပါ...တားခွင့်မရှိဘူး...ဘယ်သူမှတားခွင့်မရှိဘူး...( ဖေ့ဘွတ်မှာ ဆင်ဆာမရှိဘူး )..ကုန်ကုန်ပြောရရင်...အင်အားကြီးပါတယ်..ရက်စက်ပါတယ်ဆိုတဲ့...စစ်အာဏာရှင်တွေက...ဥပဒေတွေ..ဖိနှိပ်မှု့တွေနဲ့တားမြစ်ခဲ့တာတောင်....တော်လှန် ဆန့်ကျင်လာခဲ့သေးတာပဲ...တခုတော့သတိထားစေလိုတယ်...ခုခေတ်လူငယ်တွေနဲ့ မျိုးဆက်သစ်တွေက...ဟိုးတုံးကလို...စစ်အစိုးရနဲ့ပေးစားလိုက်ရင်...နိုင်ငံရေး သေသွားတတ်တဲ့ အယူအဆကို ဘယ်တော့မှလက်ခံမဲ့...အချဉ်တွေမဟုတ်ဘူး...သူတို့က အိုင်တီခေတ်မှာ လူဖြစ်ကြတဲ့သူတွေ....ဘယ်နဲ့ မဆီမဆိုင် ဗိုလ်ခင်ညွန့် သောင်းကျန်းသူများသမိုင်းစာအုပ်နဲ့ သွားဆက်နွယ်ရတာတုန်းကိုယ့်လူရ.....ခင်ဗျားကမှ ဖတ်ဘူးသေးတယ်..ကျနော်က သိကိုမသိတာ…ကျနော့်ကို စစ်အစိုးရနဲ့ ဆက်နွယ်ပေးလိုက်ရင်….ကျနော့်နိုင်ငံရေးသေမှာပဲဆိုတဲ့အယူအဆနဲ့လုပ်မယ်ပြောမယ်ဆိုရင်တော့…( ကျနော်ပြုံးနေလိုက်ပါ့မယ် ..စိတ်ထဲက တိုးတိုးလေးပြောလိုက်မယ်…အခုခေတ်က..ဖရောင်းစက္ကူပေါ် ကညစ်နဲ့ရေး မီးချောင်းနဲ့လှိမ့် စာရွက်ဖြန့်တဲ့ခေတ်မဟုတ်..အင်တာနက်ခေတ်လို့ )….နောက်တချက်က…အပြစ်မရှိတဲ့သူတွေကို သတ်မိလို့ သတ်မိတယ်ပြောတာနဲ့….အေဘီကိုတိုက်ခိုက်ပါတယ်လို့ပြောနေတာ….ဘာဆိုင်တုန်းဗျ…..ဘယ်သူက ကျောင်းသားတပ်မတော်ကိုတိုက်ခိုက်နေလို့တုန်း….ခင်ဗျားကဘာလို့ လိပ်ပြာမသန့်ဖြစ်နေရတာလည်း……ကျနော်ရေးခဲ့သားခဲ့..ပြောခဲ့ဆိုခဲ့တဲ့ ထဲမှာ ကျောင်းသားတပ်မတော်ကို တိုက်ခိုက်တာ…ဘယ်နေရာ…ဘယ်စကားလုံးများ ပါဝင်ပါသလည်း ထောက်ပြစမ်းပါ….မဆီမဆိုင် ကလေးကွက်တွေနဲ့ လှည့်ရန်တိုက်ပေးနေတာ…..ဖော်ကောင်လုပ်တယ်ပြောရအောင်ကလည်း….ကျနော်က ဒီဖြစ်စဉ်မှာနည်းနည်းလေးမှ…ခံခဲ့ရသူမဟုတ်၊ ပါဝင်ခဲ့သူလည်းမဟုတ်….( ဖော်ကောင်ဆိုတာ..ကိစ္စတခုခုကို လျှို့ဝှက်အတူတူလုပ်ကြပြီးတော့မှ….မလိုတော့တဲ့အချိန်မှာ..အဲဒီ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ဝန်ခံဖွင့်ချတာကိုပြောတာ )။ ( ခင်ဗျားက ပြန်မေးနိုင်ပါတယ်…ကိုယ့်ကိစ္စမဟုတ်ပဲနဲ့ဘာလို့ဝင်ပါရတာလည်းဆိုရင် )….နိုင်ငံရေးဆိုတာ..သူများကိစ္စတွေကို ကိုယ့်ကိစ္စလိုသဘောထား ကူညီရတဲ့အလုပ်တဲ့…ဟုတ်ကဲ့..ကိုယ့် ကိစ္စကိုပဲ..ကိုယ်လုပ်မယ်ဆိုရင်…စီးပွားရေးပဲလုပ်မှာပေါ့ဗျာ….၊
Thursday at 9:06pm · Like · 27
Yi Mon မန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။ ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ ...
Thursday at 9:10pm · Like · 6
Aye Aye Soe Win heyyyyyy......heyyyyyy...heyyyyyy.....the time to bring the murderers to justice is getting closer...
Thursday at 9:12pm · Like · 2
Maung Maung Wann အလွန့်...အလွန်...အလွန်မှဝမ်းသာစရာကောင်းသောသတင်းပါ...ကျေးဇူးအများကြီးတင်ပါတယ်...ကို Yi Mon. ဒီသတင်းမှန်ပါစေ။
Thursday at 9:14pm · Like · 2
Aye Aye Soe Win Htay Aung is now hiding in his balck box...he blocks our comments...
Thursday at 10:04pm · Like · 2
Ye Ni ကျနော် စိတ်ကုဆရာ မဟုတ်ပါ။ ဖတ်ဖူးသလောက် စိတ်ဒါဏ်ရာကို ကုဖို့ သူပြောတာကို နားထောင်ကြရတယ်။ တောင်အာဖရိက နိုင်ငံရေး စိတ်ဒါဏ်ရာကို ကုဖို့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အမှန်တရား ကော်မတီ ရှေ့မှာ လာပြီး ရင်ဆိုင် ထုတ်ဖော်စေပြီး မှတ်တမ်းပြူစုခဲ့ဖူးတယ်။ သူတို့လိုဖြေရှင်းရင်ရတာပဲလို့ အားတက်ပါတယ်။ စစ်တပ်က ရက်စက်တာတွေရော သူပုန်ကလည်း ယုတ်မာတာတွေပါ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံး အကျုံးဝင်စေပြီး မျက်နှာချင်းဆိုင် လူရှေ့မှာ ဖြေရှင်း ပြေလည်မှ တမျိုးသားလုံးရဲ့ စိတ်ဒါဏ်ရာတွေ အနာကျက်လိမ့်မယ် ထင်ရဲ့။
Thursday at 11:00pm · Like · 9
Hlaing Bwa ဌေးအောင် ... မင်းဘယ်သူလဲဆိုတာ ငါမသိသေးဘူး ဒါပေမဲ့ ... ငါ့ဘက်က မင်းနဲ့ စကားပြောဖို့ အဆင်သင့်ပဲ ... လှိုင်ဘွား / ၈၈ ... ငါပြောတာက Public site ..... မှာပဲ .. အခုလိုပေါ့ကွာ... လှိုင်ဘွား... လှိုင်ဘွား... လှိုင်ဘွား
Friday at 1:46am · Like · 6
Thaw Zin Htun ကိုမိုးသီး ဘလော့မှာတော့ ခင်ဗျားတို့ကိုချောက်ချနေပြီ ..
နဂိုတည်းက ပျက်ပြီးသား absdf ကို အခုမှ ဖျက်တဲ့လူတွေပေါ်လာလို့ ကြုံးဝါးသလို ရေးထားတယ်
သူရေးထားပုံကို ကျွန်တော်ကတော့ အဲ့လိုပဲမြင်တယ်
http://komoethee.blogspot.com/2011/12/blog-post_5374.html
Expand Preview
Friday at 3:19am · Like · 1
Maung Maung Wann ကိုလှိုင်ဘွားရေ......အဲသလို လိုက်လုပ်နေသူတွေကမှ ကျောင်းသားတပ်မတော်ဂုဏ် သိက္ခာကိုထိခိုက်အောင်လုပ်ဆောင်နေသူများလို့ ကျနော်ပြောချင်တယ်ဗျာ......ကို မသိလိုက်ဘူးဆိုရင်လည်း...မငယ်နိုင်တို့လိုရိုးရိုးသားသားပြောတာ... ဘယ်လောက်လေးစားဘို့ကောင်းလည်း.....ဖေ့ဘွတ်ကို ပြည်တွင်းပြည်ပ အကုန်အသုံးပြုလို့ရတယ်ဆိုတာလည်း သတိမမေ့ပါနဲ့ဦး...။ ဆိုပါတော့ဗျာ....ကိုထွန်းအောင်ကျော်ကို သူလျှိုမို့သတ်တယ်...ဒါမှန်တယ်လို့ထောက်ခံ ရှေ့နေလိုက်ပေးနေသလိုပါပဲ။ ဟုတ်ပြီ..ဒါဆို သူတို့ဟာ...လူထုနဲ့ဝေးသွားပြီလို့ပဲ...ကျနော်ပြောပရစေ...ကိုထွန်းအောင်ကျော်ဟာ....(ဗမာနိုင်ငံလုံးဆိုင်ရာ.ကျောင်းသားသမဂ္ဂ- အထက်ဗမာပြည်ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ သိပါသလား..အရင်စမေးရလိမ့်မယ်...ကိုထွန်းအောင်ကျော်ဘာလည်းဆိုတာ...အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ၀င်တွေ အကုန်သိတယ်ဗျာ...မန္တလေးက သံဃာင်္တိုက်ကြီးတွေက...လူလေးစားကြည်ညိုတဲ့ ဆရာတော်ကြီးတွေက အစ...ဦးဇင်း...ရဟန်းငယ်တွေအထိအကုန်သိတယ်....မန္တလေးက နိုင်ငံရေးလုပ်ဆောင်နေသူတွေ...လူထုတွေ အကုန်သိတယ်...သူအသတ်ခံလိုက်ရတယ်သတင်းကြားတုန်းကဆို...အားလုံး စိတ်မကောင်းဝမ်းနည်းလို့မဆုံးကြဘူး..သူတို့စွပ်စွဲသလို..သူလျှိုသာဆိုရင်..( အို..ဒီလိုကောင်မျိုးတွေ သေတာနည်းတောင်နည်းသေးဆို..မေတ္တာပို့ကြမှာပေါ့.).ခုတော့ဒီလိုမဟုတ် ခုထိသတိရနေစဲ...ဟုတ်ပြီ...ဒီလိုလူမျိုးကို သူလျှို ဆို စွပ်ဆိုသတ်တာ...မမှန်ဘူး မတရားဘူး..မှားတယ်လို့ပြောဆိုနေသူများကို...အထက်ဖော်ပြပါ လူများက..ဒီလိုတွေလိုက်လုပ်နေတော့....အဲဒီလူထုက ဘယ်လိုမြင်မလည်း...လူပုဂ္ဂိုချည်းမြင်သွားရင်တော့ အကြောင်းမဟုတ်ဘူးပေါ့..အဖွဲ့အစည်းပါကပ်မြင်သွားရင်.....အဖွဲ့အစည်းပါ..နေရင်းထိုင်ရင်း အမြင်လွဲရော....ကိုယ့်လူတို့...ကြည့်လည်းလုပ်ဦး....လူထုနဲ့...ထိပ်တိုက်တိုးလိမ့်မယ်.....တခြားအရပ်ကို ကိုယ်မပြောသေးဘူး...မန္တလေး လူထုနဲ့ ထိပ်တိုက်တိုးလိမ့်မယ်.....( ကိုယ် အခုရေးတဲ့ဟာ ၁၀၀ % အပြည့်တာဝန်ယူတယ် )....။....အပြစ်ရှိသူတွေကို အပြစ်ရှိသလိုအရေးယူလိမ့်မယ်...ဘေးကနေ၀င်နာမနေကြနဲ့...လူထုရဲ့နာကျဉ်းမှု့ ခံသွားရလိမ့်မယ်.....ဒီကိစ္စ ကို မန္တလေးမှာရှိတဲ့ အသိုင်းအ၀ိုင်းတွေက..နာကျဉ်းနေတယ်ဆိုတာယုံ...ကိုယ့်စကားကိုယ် တာဝန်ယူရဲလို့ လူအများကြီး ၀င်ဖတ်နေတဲ့ ကျနော့် အကောင့်က ဝေါမှာ ကွန်မင့်ဝင်ပေးတာ....လက်ဝင် မလျှိုကြနဲ့....... ဆက်လာဦးမယ်ဆိုရင်လည်း.....ကိုလှိုင်ဘွား...သီးခံလိုက်...သီးခံလိုက်...လူထုနဲ့ ထိပ်တိုက်တိုးပါစေတော့.......။.
Friday at 3:35am · Like · 10
Aye Aye Soe Win Not long ago, right after Daw Su announced that NLD will enter elections, this very Ko Moethee Zun put a beautiful cartoon that no Burmese would ever imagine. A bunch of nude men were supporting Daw Su from behind.. Whatever he is doing these days, he has walked away from his real friends further and further away..That's his decision...It is also self-detrimental ...you cannot spit upward, it comes down on your face...
Friday at 4:18am · Like · 4
Thone Drae Oo ကျောင်းသားတပ်မတော် ABSDF က ရက်စက်တဲ့အာဏာရှင်တွေကိုတော်လှန်နေတာမဟုတ်ဘူးလား...အခုဒီကိစ္စကလဲ ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်ခဲ့တဲ့အာဏာရူးလက်ပါးစေတွေကိုဖေါ်ထုတ်နေတာမဟုတ်ဘူးလား...ဘာမှားလို့ လဲ... အမှန်တရားဖေါ်ထုတ်တာစောတယ်နောက်ကျတယ်ရှိလို့ လား...ကိုယ့်လိပ်ပြာကိုယ်လုံရင်.. အနေသာကြီး...ဘယ်အချိန်..ဘယ်အခါ..ဘယ်စံနစ်မှာပဲဖြစ်ဖြစ်..လူသတ်မှုဟာလူသတ်မှုပဲ..
Friday at 4:51am · Like · 8
Nay Oo-People ခင်ဗျားတို့ယခင်ကဖြစ်ပျက်ခဲ့တဲ့ တာဝန်ရှိမှုတွေနဲ့ ယနေ့လက်ရှိရှိနေတဲ့ တိုက်ပွဲဝင်နေတဲ့ ABSDFနဲ့ တာဝန်ခံမှုအတိုင်းအတာတခုအရပြောရရင်...ဘာမှမဆိုင်ဘူးလို့ အရင်ပြောချင်တယ်.။ ယခင်လူသတ်မှုတွေကိုရှင်းပြဘို့တာဝန်ရှိနေတဲ့ ခင်ဗျားတို့ကိုပြောနေတာတွေကိုေ၀၀ါးသွားအောင်လုပ်ပြီး ခင်ဗျားတို့ ကယနေ့ ဆက်လက်တိုက်ပွဲဝင်နေသော ABSDF အစားဂုဏ်ယူပါတယ်လို့ လေလုံးတွေသုံးပြီး မလိမ့်တပတ်ပြောနေရင်တော့ ခင်ဗျားတို့ရဲ့ဂုဏ်ယူခြင်းကိုခံရတဲ့ယနေ့ ABSDF ကလက်ရှိရဲဘော်တွေက.. ခင်ဗျားတို့ကို သတ်ချင်လောက်အောင်မုန်းမှာသေချာတယ်.။ မယုံရင်လှမ်းမေးကြည့်လိုက်ပါလား. ။ (သို့သော်လည်း အဲဒီကိတ်စနဲ့ပတ်သက်ပြီး လက်ရှိ ABSDF ကတခုခုရှင်းဘို့လိုတာတော့ အမှန်ပဲ။) လောကကြီးက သိပ်အံ့သြဘို့ကောင်းတယ်..ဒေါ်အောင်ဆန်းစုကြည်ကို နည်းအမျိုးမျိုးနဲ့ ပါးပါးလေးလိုက်လံအပုတ်ချနေသူတွေ... ဒေါ်အောင်ဆန်းစုကြည် ကိုပြည်သူလူထုကအထင်လွဲလာအောင်လိုက်တိုက်ပေးနေသူတွေကဟော.. နောက်ဆုံး အရက်စက်ဆုံးလူသတ်မှုတွေကျူးလွန်ခဲ့တဲ့သူတွေကို အသည်းအသန်အကာအကွယ်ပေးနေသူတွေဖြစ်နေတယ်.ဆိုတာကို ဘွားဘွားကြီးတွေ့လိုက်ရတယ်.။ တချို့သူတွေပြောတာတကယ်မှန်တယ်.ခင်ဗျားတို့လူမျိုးတွေသာ တိုင်းပြည်ခေါင်းဆောင်ရင် တိုင်းပြည်ပျက်မှာပဲ။ ခေါင်းဆောင်လုပ်ချင်တဲ့သူတွေဆိုတာ ဘယ်အချိန်မှာမဆို မှန်တာကိုမှန်တယ် မှားတာကိုမှားတယ် ပြောရဲတဲ့ အမှန်တရားကိုချစ်မြတ်နှိုးတဲ့ သတ်တိရှိရမယ်.။ အာဏာရှိတုန်းက အဖြစ်အပျက်တွေကို အာဏာသုံးပြီးဖုံးထားတယ်.။ အာဏာမဲ့လာတဲ့အခါကျတော့ လူလည်လုပ် နစ်ပေါက်တစ်ပေါက်ရိုက်ပြီး တော်လှန်ရေးအကျိုးစီးပွားအကြောင်းပြပြီး ဒီမိုကရေစီရမှပြောကြတာပေါ့ဆိုပြီးဖုံးထားတယ်.။ ခင်ဗျားတို့ပြောနေသလိုပဲ...ယနေ့စစ်တပ်ကလည်းထိုနည်းတူပဲပြောပါလိမ့်မယ်.. ဒီမိုကရေစီရမှ ၀၀ကြီး ပြောကြရှင်းကြတာပေါ့လို့။ .။
Friday at 6:25am · Like · 8
Nge Naing ကို Nay Oo-People က ဘာကိုဆိုလိုတာလဲ။
Friday at 6:26am · Like
Nay Oo-People ဖြစ်ခဲ့တဲ့ကိတ်စတွေနဲ့ပတ်သက်ပြီး ရူးချင်ယောင်ဆောင် ဝှေ့လည်ကြောင်ပတ်လုပ်နေတဲ့ ခေါင်းဆောင်ဟောင်းကြီးများကိုရည်ညွန်းပြီးပြောနေတာ
Friday at 6:35am · Like · 2
Thaw Zin Htun မငယ်နိုင်တို့ အရင်ဖြစ်ခဲ့တာတွေကိုပြောနေတဲ့အချိန်မှာ လူတစ်ချို့က (ဥပမာ .ကိုမိုးသီး) လက်ရှိ absdf ကို တိုက်ခိုက်ခံနေရတယ်ဆိုတဲ့ အကွက်မျိုးခင်းနေတယ်ဆိုတာ သတိထားသင့်တယ်
Friday at 7:24am · Like · 5
Dway Nge မြန်မာပြည်အတွက်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့..ရဲဘော်..ရဲမေများအတွက်..ကျွန်တော် ၀မ်းနည်းကြေကွဲရပါတယ်။ လေးလည်းလေးစားပါတယ်။။။ဒါပေမယ့်..မြန်မာ့တော်လှန်ရေးလောကထဲမှာ..ဒီလိုအကျင့်ပျက်ပြီး..ရုတ်မာတဲ့ စစ်အစိုးရလိုစိတ်ဓာတ်တွေရှိ့လိမ့်မယ်လို့ လည်း..ကျွန်တော်မထင်ခဲ့ပါဘူး။ ဒီသတင်းကိုကြားလိုက်ရတဲ့..အချီန်မှာလည်း အံ့သြသွားခဲ့ရပါတယ်။ ထိုနည်းအတူပင် စစ်အစိုးရကလည်း ၀မ်းသာနေမည်မှာမလွဲပေ...မြန်မာနိုင်ငံအတွင်းမှ့ ပြည်သူတစ်ရပ်လုံးကကောဘယ်လိုယုံကြည်နိုင်တော့မှာလည်း။ တစ်ကယ်ဆိုရင်..ဒီလိုအဖြစ်အပျက်တွေမဖြစ်သင့်ပါဘူး။မလုပ်သင့်ပါဘူး။ ပြည်တွင်းပြည်ပတွေမှာရှိ့နေတဲ့ ..ကျွန်တော်တို့ မြန်မာပြည်သူလူထုဟာ..ဒီနေ့ ဒီအချီန်အထိ့..မျှော်လင့်နေကြတဲ့ (ဒီမိုကရေစီ)တော်လှန်ရေး..တော်လှန်းရေးကို အားကိုးတဲ့ မျက်လုံးတွေ..အားအင်မဲ့နေတဲ့ မျက်လုံးတွေနဲ့ ..အားကိုးတစ်ကြီးစောင့်ကြည့်မျှော်လင့်နေကြဆဲပါ။ သမိုင်းဆိုတာမဲသွားရင် အဖွဲ့ အစည်းနဲ့ လုပ်တဲ့အလုပ် အများနဲ့လုပ်တဲ့အတွက်ပြန်ဖျက်ဖို့ ခက်ပါတယ်။ တစ်ဦးတစ်ယောက်နာမည်ပျက်တာ တစ်ဦးတစ်ယောက်ပဲမဲပါတယ်။ သမိုင်းမှာမကျန်ပါဘူး။ဒီပြသနာကြောင့်..ကောင်းတဲ့သူရဲကောင်း..ရဲမေနဲ့ ရဲဘော်တွေပါ..မဲစေမဲ့အဖြစ်မျိုးပါပဲ။။မြန်မာ့သမိုင်းမှာ(ဗိုလ်ချုပ်အောင်ဆန်း)ဟာ သမိုင်းမဲစေမဲ့ အဖြစ်မျိုးမလုပ်ခဲ့တာကိုတွေ့ ရပါတယ်။ နိုင်ငံခြားမှာနေတာတောင်..ကြည်ရေ ပဲပြုတ်နဲ့ နံပြားလေး..စားချင်တယ်တဲ့ဗျ...၀မ်းနည်းတယ်ဗျာ..တ်ာလှန်ရေးလုပ်ပြီး(ဗိုလ်ချုပ်အောင်ဆန်း)မျက်နှာကိုတောင်မထောက်ပဲ့..ကိုယ့်ဘ၀ကောင်းစားဖို့ အတွက်..ဒီလို ကိုယ့်အသိုက်ထဲက..ကိုယ့်ဥကိုကိုယ်ပြန်စားတာ မကောင်းပါဘူး။ စစ်အစိုးရကိုတော်လှန်နေတဲ့ အချီန်မှာလည်း..စစ်အစိုးရထက် မြင့်မြတ်ရမယ်.အကျင့်ကောင်းရမယ်.သစ်စာရှိ့ရမယ်.သမာါိ့ရှိ့ရမယ်.စိတ်ဓာတ်ကောင်းမွန်ရမယ်.ဒါမှ..ဒီမိုကရေစီတော်လှန်ရေးကြီးအောင်မြင်မှာပါဆိုတာမုချမလွဲပါ..အခုဟာက..ရှက်စရာအရမ်းကောင်းပါတယ်.တစ်ကယ်လုပ်မယ်ဆိုလုပ်ပါ(တစ်ကယ်ဖြစ်ချင်တစ်ကယ်လုပ် အဟုပ်ဖြစ်ရမည်)ဆိုတဲ့ စာရှိ့ပါတယ်။ ဒီလိုလူတွေရှိ့နေသမျှတော်လှန်ရေးလည်းအောင်မြင်မှာမဟုပ်သလို.တော်လှန်ရေးနိုင်ငံရေးမှာလည်း သပွတ်အူလိုက်နေကြလို့ ပြည်သူဘက်က ယုံကြည်မှု့တွေကွယ်ပျောက်သွားကြမှာအမှန်ပါပဲ..အခု ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့.ယခုမှ့စပြီး.တော်လှန်ရေးနဲ့ နိုင်ငံရေးလောကကြီးတစ်ခုလုံးကို မိုးမံပြင်ဆင်တဲ့အနေနဲ့ ..မော်စီတုံး.လိုလုပ်ရပါလိမ့်မယ်။
Friday at 9:05am · Like · 1
Dway Nge နိုင်ငံရေး။တော်လှန်ရေး။ကျောင်းသားတပ်မတော်အတွင်း။ အကုန်လုံးမှာ မထားသင့်တာတွေကို..ကျွန်တော်တင်ပြပါ့မယ်။ နိုင်ငံရေးနယ်ပါယ်မှာ။၁။အချောင်သမားငပြင်းများမထားသင့်။၂။ဘယ်သူဘယ်ကလာမှန်းမသိသူအား(ဘန်ဏာရေး)တာသန်မပေးပါနှင့်။၃။စိတ်လစိ့လိုလူအား နေရာကောင်းမှာမထားရ။၎။ရုပ်ခန့် ခန့်အပြောအဟောကောင်းသူအား(ဥကဠ)နေရာမထားရ။၅။အရက်ဝိုင်းနှင့်ရုံးအတွင်းမလုပ်ဆောင်ရပါ။((ဒါနိုင်ငံရေးအတွက် သန့် ရှင်းရေးလုပ်ရမည့် အချက်များ)
Friday at 9:15am · Like
Dway Nge (ကျောင်းသာတပ်မတော်အတွင်း သန့် ရှင်းရေးလုပ်ရမည်အချက်များ)) ။၁။၈၈၈၈လေးလုံးဆိုတဲ့ အရသာကိုမသိသော စစ်တပ်ကလိုက်လို့ ပြေးတဲ့သူအား ကျောင်းသားတပ်မတော်တွင်လက်မခံရ။ ။၂။အုပ်ရောရောကျောက်ရောရောနှင့် နွားကျောင်းရင်းလိုက်လာသူအားလက်မခံရ။။။၃။။ကျောင်းသားရဲဘော်နှင့်ပါက်သက်သောဆွေမျိုးအားအရေးလုပ်နေရာမပေးရ။၎။။တော်လှန်ရေးမှာပါးစပ် မလုံသောသူအားလက်မခံရ။။၅။။ကပ်ဖါးရပ်ဖါးလုပ်တတ်သောသူအားလက်မခံရ။
Friday at 9:24am · Like · 1
Dway Nge
။။၆။။အရင်ကရွှေထီးဆောင်းတာကို လက်ရှိ့မှာ ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအောင်အော်နေသူများအား စစ်ဆေးပြီးရပ်ခိုင်းပါ။ ။၇။လက်ရှိ့သမိုင်းအတွက်ဦးစားပေးကာ..နောက်လာမယ့်သမိုင်းတွေမှာကောင်းအောင်ဖန်းတီးပါ။။၈။။လက်ရှိ့ နိုင်ငံတစ်ကာကနေ..၀က်ဆိုက်တွေပေါ်...See More
Friday at 9:45am · Like · 1
Dway Nge
ကျုပ်အသက် ၂၈ နှစ် (ဗိုလ်ချုပ်အောင်ဆန်း)ကိုဒီအချီန်ထိ့မမြင်ဘူးပေမယ့်..မမေ့နိုင်လို့ ဗိုလ်ချုပ်ဓာတ်ပုံကို ကျုတ်နဲ့ ထဲ့ပြီး လည်မှာဆွဲထားတယ်။ ဘာမှမအော်ဘူး..ဒီတစ်ခါတော့ စိတ်အနာဆုံးပဲ။ဒါကြောင့် အကြံပေးပြောပြတာ..(ဗိုလ်ချုပ်အောင်ဆန်း)မှာသလိုရရင်ရ.....See More
Friday at 9:57am · Like · 1
Dway Nge
ဒီမိုကရေစီ ဆိုတာလူသားတိုင်းရဲ့ လွတ်လပ်ရေး မလွတ်လပ်လို တိုက်တာ ဘာဆန်းလည်းပြော...တော်လှန်ဆိုတဲ့ ဝေါဟာရက..ပြည်သူတစ်ရပ်လုံးအတွပ်တော်လှန်တာ..လွတ်လပ်ရေးရဖို့ အရေးကြီးတယ်။လွတ်လပ်သောအခွင့်အရေးကိုပိုင်ဆိုင်ဖို့ ..ဘုရင့်နောင်ဖောင်ဖျက်သင့်ရင် ဖျက်ရမယ...See More
Friday at 10:07am · Like · 4
Dway Nge
ပြီးတော့ကြည့်..ကရင်နီက ချေပြတ်က ဘက်ငွေတွေမပြီး။ မြန်မာနဲ့ပေါင်းပြန်ပြီ။ဘယ်အဖွဲ့က ဘယ်သူက ပရော့ချက်ငွေတွေကိုဘုန်းသွားပြန်ပြီ။ ဒီအဖွဲနဲ့ ဟိုအဖွဲ့ က ဒိုနာတွေရှိ့က ရတာခြင်းမတူလို့ တစ်စောင်းနဲ့ မျက်ချီးဖြစ်ပြန်ပြီ..ကေအန်ယူက နေ ဒီကေဘီအေကခွဲထွက်ပြန...See More
Friday at 10:18am · Like · 2
Dway Nge
မြန်မာတွေကို ပြန်သုံးသပ်ရင်..အနီးကပ်မဖြေရင်းရဲဘူး..ပုဆိုခြုံထဲကလက်သီးပြတယ်။လိုနေတဲ့အချီန်ကောင်းတယ်..မလိုတော့မှ ခလေးကစားသလို(ငါ့အိုးဘုတ်ပြန်ပေး)ဆိုသလိုဖြစ်နေပြီ။ မပေးတောကွိုင်တက်ရော..တက်တော့ သူကမသိ..ငါကမရှိ့ဖြစ်ကုန်ရော။စဉ်းစားကြပါ..ခေါင်းနဲ ...See More
Friday at 10:25am · Like · 1
Aye Aye Soe Win
(သို့သော်လည်း အဲဒီကိတ်စနဲ့ပတ်သက်ပြီး လက်ရှိ ABSDF ကတခုခုရှင်းဘို့လိုတာတော့ အမှန်ပဲ။) လောကကြီးက သိပ်အံ့သြဘို့ကောင်းတယ်..ဒေါ်အောင်ဆန်းစုကြည်ကို နည်းအမျိုးမျိုးနဲ့ ပါးပါးလေးလိုက်လံအပုတ်ချနေသူတွေ... ဒေါ်အောင်ဆန်းစုကြည် ကိုပြည်သူလူထုကအထင်လွဲလာအော...See More
Friday at 10:35am · Like · 1
Dway Nge အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မျက်နှာကို မထောက်ထားပဲ ဒီလိုကျင့်သုံးနေတော့ကော..ဒီလူတွေ ဘ၀ကဘာများမြှင့်သွားလို့ လည်း..နိုင်ငံရေးနဲ့ တော်လှန်းရေးကိုလူမြင်အောင်လုပ်ပြပြီး..လူကြားအောင်ပြတာ..ကလေးတောင်လုပ်တတ်ပါတယ်။
Friday at 11:08am · Like · 1
Dway Nge
ဒါကြောင့်တိုးတက်မှု့တွေနည်းပါးပြီး ပြသနာတွေတစ်ပုံတစ်အောနဲ့ အောင်မြင်မှု့မရတာ။။သူတို့ ကတော့ အဖြူတွေအထင်ကြီးအောင်လုပ်လို့ ရလိမ့်မယ်။ ကိုယ့်အချင်းချင်းတော့လုပ်လို့ မရဘူး..သိနေတာပဲမြင်နေတာပဲ..လူမမြင်ဘူးရင်တောင်နာမည်ကြားဘူးနေတာပဲ..ဘယ်လို သမိုင...See More
Friday at 11:13am · Like · 1
Dway Nge ခုနက..ကျွန်တော်အကြံပေးသလို စမ်းကြည့်ပါ။ စီမံကိန်းရေးဆွဲပါ။ ဖြုတ်ထုတ်ရှင်း လုပ်ပါ။။တော်လှန်ရေး နိုင်ငံရေးသမားစစ်စစ်တွေကို.စာရင်းလုပ် အနောက်တစ်နိုင်ငံမှာ..ဒီသမိုင်းကို သိမ်းထားပါ။။အတုအယောင်တွေကိုဘယ်နေရာနေနေဖြုတ်ထုတ်ရှင်းလင်းပါ။ မသက်တော့မသက်ပါနဲ့ ...ကျွန်တော်တွေးသလိုပေါ့..သန်းရွှေအာဏာကပြုတ်ရင်မသက်ဘူး..နိုင်ငံတကာက လက်မခံရ..ပြည်တွင်းပြည်ပမှ့ လူများအလုပ်မပေးရ...ထမင်းမကျွေးရ..ကိုယ်ပိုင်စိုက်စား ပျိုးစားမလုပ်ရ။
Friday at 11:25am · Like · 1
Dway Nge ဒါဟာ....ပညာပါပဲ...အဒါဦးနှောက်..သူမသေပဲ..ဘယ်လိုလူ့ လောကမှာနေမလည်း မောင် သန်းရွှေ...ငါ့ထက်တော်ပါလားလို့ ဆလံပေးသွားစေရမယ်။
Friday at 11:28am · Like · 1
Dway Nge နောက်ပြီး...တော်လှန်ရေးဆိုတာ သေနတ်ပစ်တတ်ယုံနဲ့ မဖြစ်နိုင်ဘူး။။၁။။ဘာသာများများတတ်ရမယ်။။၂။။လက်နက်အကုန်ပစ်တတ်ရမယ်။။၃။။လှံ..ဓါး..ဒုတ်ပညာတွေကိုလည်းတတ်ဖို့ လိုအပ်တယ်။နည်းဗျူဟာကိုလည်း ပြောင်းလွဲကစားတတ်ရမယ်။။၎။။ဖြတ်ထိုးညံ့ရှိ့ရမယ်။။၅။။ရဲဘော်ရဲဘက်တွေအပေါ်မှာစာနာစိတ်ရှိ့ရမယ်။။စစ်တပ်မှာတောင် ခေါင်းဆောင်ကောင်းကျင့်ဝတ်..ရဲဘော်ကောင်းကျင့်ဝတ်တွေကို..သူတို့ ထက်ပိုပြီးကျင့်သုံးရမယ်။
Friday at 11:38am · Like · 2
Saw Wunna Lin I really feel so sorry for our senior student leaders,they r innocent,it is murder case,it is not politic,it is very cruel action,it is very bad event for ABSDF group what happen last twenty year ago,please write who has duty n responsible for this murder case,we also got a lot of lessons but we follow justice for them!
Friday at 11:39am · Like · 2
Dway Nge အခု..ဒီပြသနာကို စောင့်ကြည့်ကြတာပေါ့...ဘယ်သူမင်းသား..ဘယ်သူဘီလူးဆိုတာကို..ကျွန်တော်တို့ စောင့်ကြည့်မယ်။
Friday at 11:41am · Like · 1
Dway Nge အမေ ဒေါ်အောင်ဆန်းစုကြည့်..တော့ သားလေးမသက်...စစ်အစိုးရမသက်ပဲ..ဟက်အတက်နဲ့ ဒူးမနာသားတွေ ညင်းဆဲလို့ ..သေရတော့မဲ့ အဖြစ်မျိုး.....
Friday at 11:50am · Like · 1
Dway Nge အမေကို ဘန်းပြပြီး..လုပ်မစားကြပါနဲ့  မြေမြိုလိမ့်မယ်..ဒီလုလူမြေမြိုရင်တော့ ကျုပ်ကတော့ ရေမတိုက်ဘူး...ရေခွက်ကို သူမမှီတဲ့ နေရာမှာ ဝေးဝေးကနေ့ ရိမ်းကားနဲ့  သွားချပြထားလိုက်မှာဗျ
Friday at 11:55am · Like · 1
Nge Naing
Thaw Zin Htun - ကျွန်မ ရေးတဲ့အထဲမှာ ဘာမှမဟုတ်တာ မပါဘူး။ ကြုံရတဲ့အတွေ့အကြုံဆိုတာလည်း အမှန်ပဲ ပြီးခဲ့တဲ့ တလောက ဆုံးသွားတဲ့ ကိုမောင်မောင်စိုးရဲ့ညီ ကိုတိုးကြီးဦးဆောင်တဲ့ တပ်ရင်း ၂၁၄ က ရဲဘော်တွေ အတော်အသင့် သိတယ်။ ဒေါက်တာနိုင်အောင် အမိန့်ပေးတယ...See More
Friday at 12:07pm · Like
Nge Naing ဆောရီး တခြားတပ်ရင်းက ရဲဘော်တယောက်က သူ့နဲ့မဆိုင်တဲ့ တပ်ရင်းမှာ ဖြစ်တဲ့ လူသတ်မှုကို ဗဟိုမှာ ဘာတာဝန်မှ မရှိဘဲနဲ့ အမိန့်ပေးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။
Friday at 12:10pm · Like · 1
Dway Nge အမတို့ အကိုတို့ ဖြေးဖြေးပြောပါဗျ သေချာပြူးနေအောင်လိုက်ကြည့်နေရတယ်ဗျ
Friday at 12:11pm · Like · 1
Dway Nge အမတို့ အကိုတို့ ..ဒီအပေါ်မှာမဆွေးနွေးပဲ...တစ်နေရာမှာချီန်းလိုက်ပါလား မျက်နှာချင်းဆိုင်းပြောတာကောင်းတယ်..ဒီအပေါ်မှာပြောနေတာ နအဖကို ငါ့ကိုကြည့်လို့ ပြောနေတာနဲ့ အတူတူပဲ..ကိုယ့်ပေါင်ကိုယ် လှန်မထောင်းကြပါနဲ့ ဆွေးနွေးပါ..တိုင်ပင်ပါဖလှယ်ပါ။။။။ငါ့ အမကလည်း မလွယ်ဘူးတွယ်ဖို့ ချောင်းနေတာကြာပြီနဲ့ တူတယ်...ဖြေးဖြေးအမ ရေသောက်လိုက်ဦးနော်
Friday at 12:16pm · Like · 1
Dway Nge ကျွန်တော် ဦးမောင်မောင်ဝမ်းရဲ့ စကားတစ်ခွန်းကို ကြိုက်သွားပြီ။ ကိုယ်ကျိုးကြည့်ရင် စီးပွားရေးပဲလုပ်မှာပေါ့ဗျ...ဒါဖေါ်ကောင်မဟုပ်ဘူး..လက်ဆင့်ကန်းကူညီတာလို့ အပေါ်မှာ ပြန်ရေးထားတာကို တွေ့ ရတယ်။။ ဟုပ်တယ် ဦးမောင်မောင်ဝမ်းပြောတာကို လက်ခံတယ်..ဟုပ်တယ်..အမှန်ကိုဖုန်းကွယ်ထားပြီး..ဆင်သေကိုဆိတ်သရေနဲ့ ဖုံးရင်မလုံပါဘူး..တစ်နေ့ ပေါ်မှာပါပဲ...ဒါအမှန်တစ်ရားပဲ..
Friday at 12:39pm · Like · 3
Aung Hein ကိုအောင်မိုးဝင်းရဲ့ Facebook မှာ ဒီစာစုကိုပဲ ဖတ်ပြီးတော့ တောက်ခတ်၊ အံကြိတ်မိတယ်။ တစ်ဆက်တည်းမှာပဲ တွေးမိတယ်။ ကျောင်းသားတပ်မတော် (ခေါ်) ABSDF ဟာ ဒီလို မတရားရက်စက်ခြင်းခံလိုက်ရတဲ့ ရဲဘော်တွေရဲ့ သွေးနဲ့ရေးတဲ့ ကျိန်စာများ သင့်သွားလေသလားလို့တောင်တွေးမိပါတယ်။
Friday at 12:42pm · Like · 5
Dway Nge အခုဒီ ပြသနာကို...ကျွန်တော်လေ့လာနေတာဟာ...အလကားမဟုပ်ဘူး။ကျွန်တော်ကြာယင်..တောမီးလောင်သလိုလောင်တော့မယ်..တောကြောင်တွေလက်ခမောင်းခက်လိမ့်မယ်။။နဂိုကမှ...မောင်မဲကတစ်ဖွဲ့ မောင်ဖြူကတစ်ဖွဲ့ ..နှစ်စလုံးမှာရှိ့တဲ့ တစ်ပဲ့တွေကလည်း....ဆရာချသာချဆိုရင်..မလွယ်ဘူး။ ဟိုဒေါက်တာကတစ်ဖွဲ့ ..ဟိုဗိုလ်ကြီးကတစ်မျိုး..တစ်ကယ်တော့ သမိုင်းမှာပြန်ကြည့်လိုက်ရင်..ရဲဘော်ရဲဘက် သေတူသေဘက်တွေ..နေရာလုသူကဗိုလ်..ငါက..ဗဟို...ဟာလေဖို့ ကောင်းပါတယ်ဗျာ။
Friday at 12:48pm · Like · 1
Dway Nge ကျွန်တော်တို့ လူငယ်တွေကို ဦးဆောင်လမ်းညွန်မဲ့သူတွေက ဒီကွဲ..ဒီလိုပြဲနေကြတော့..ဘယ်သူ့ ကိုဖေတော်ရမလည်း..ဘယ်သူကိုပထွေးခေါ်ရမှာလည်း။။မြန်မာစကားပုံ တစ်ခုရှိ့တယ်။။
Friday at 12:51pm · Like · 1
Dway Nge ရှေ့ကနွားတွေဖျောင့်ဖျောင့်သွားမှ့..နောက်နွားတွေဖျောင့်ဖျောင့်လိုက်မှာဗျ။။ရှေ့ကနွားတွေကျိုးကကျောင် လုပ်နေရင်...အနာဂဏ်မှာ သွားတဲ့နွားတွေက..နိုင်ငံတစ်ကာဓျေးကွက်မှာ...ဒုက်ခသည်တွေအဖြစ်နဲ့ တင်အရောင်းခံနေကြရမှာလား
Friday at 12:54pm · Like · 1
Ni Lynn ကိုအောင်မိုးဝင်း ကိုမောင်မောင်ဝမ်း မငယ်နိုင် နှင့် ရဲဘော်ဟောင်းများခင်ဗျာကျောင်းသားတပ်မတော်ကို ညှိုးနွမ်းစေတဲ့ဒီလူသတ်ကောင်တွေကိုဖော်ထုတ်၊ကျဆုံးသူတွေကိုအသိအမှတ်ပြု ပေးပါ ။ ဒီအဖြစ်ပျက်ကြောင့် ကျနော်တို့ ငယ်ငယ်က မျှော်လင့်အားကျခဲ့တဲ့ တပ်မတော် တရပ်လုံး နာမည်မပျက်စေချင်ပါ
Friday at 1:36pm · Like · 4
Dway Nge
ကဘာမကျေဘူး...ငါတို့ သွေးနဲ့ ရေးခဲ့ရတယ်.တော်လှန်ရေး..အော်သူရဲကောင်းတို့ ရေ..အာဇာနည်တွေနေတဲ့ ..တိုင်းပြည်..အမျိုးချစ်တဲ့ ..တို့ မြန်မာတွေ။။သခင်အောင်ဆန်း...ရာဇ၀င်တွေလည်းရိုင်းခဲ့ရပြီ..အဘရေ..အော်လုပ်ရက်ကြပေ..ပေတစ်ရာပေါ်မှာ..ပြည်သူ့ အလောင်းတွေ..အ...See More
Friday at 2:07pm · Like · 2
Dway Nge
ဒီသီချင်းကို သိကြမှာပါ...ဒီသီချင်းကိုဆိုဘူးကြမယ်လို့ လည်းယုံကြည့်ပါတယ်။ဒါပေမယ့်..ဒီသီချင်းဟာ..စစ်တပ်မှာဆိုရင် နိုင်ငံတော် သီချင်း..ဒါကျောင်းသားတွေရဲ့ သွေးသီချင်း...အဲဒိ့သွေးက.တော်လှန်ဖို့  ခွန်အားတွေ..အချင်းချင်းသက်ဖို့ ..ချောက်တွန်းဖို့ .....See More
Friday at 2:16pm · Like · 1
Aye Aye Soe Win
No one has to be ABSDF members to be able to talk about this...This is crime.major major crime...It is tiring some people are still taking about the graceful ABSDF..Even some ABSDF members who think we should wait, may not be able to feel t...See More
Friday at 3:04pm · Like · 4
အသောက အသောက အသောက သစ္စာဖောက်နှင့် သူရဲကောင်းတို့သည်ကား သမိုင်းခေတ် အဆက်ဆက်တွင် ယှဉ်လျက် မွေးဖွားတတ်သည့်သဘောကို နာကျင်စွာ ခံစားလိုက်ရပါတယ် …. ။ ။
Friday at 3:19pm · Like · 3
Aye Aye Soe Win အသောက အသောက အသောက As a monk, what is your opinion on this ? Should victims be waiting for another 20 years to reveal the tragedy and the murderers ? Is it too late or too early for justice ?
Friday at 3:23pm · Like · 2
Ko Htike
ဒီကိစ္စဟာ အဆင့် ၂ ဆင့်နဲ့ ဒီနေ့အထိ မိုက်ရိုင်းနေတာလို့ ပြောလို့ရတယ်။
၁။ အချင်းချင်းကို အာဏာမက်ပြီး ဖမ်းဆီး၊ နှိပ်စက်၊ သက်ဖြတ်တယ်။
အဲဒီလို လုပ်နိုင်ဖို့ အတွက် ခေါင်းဆောင်ကောင်း ကိုထွန်းအောင်ကျော်လို လူကို သူလျှိုလို့ စွပ်စွဲပြီး မိုက်ရိုင်း...See More
Friday at 3:44pm · Like · 9
Zaw Ye
Nge Naing မငယ် Dr နိုင်အောင်ဘဲဖြစ်ဖြစ် မီုးသီဇွန်း ဘဲဖြစ်ဖြစ် ရော်နယ် အောင်နိုင် ဘဲဖြစ်ဖြစ် ဘယ်သူဘဲအမိန့် ပေးပေး မပေးပေး ကျတော် တို့ ပါဝင်ပတ်သက်ခဲ့ ဖူးတဲ့ ABSDF အလံတော်အောက်တော် အောက်မှာ ဖြစ်ခဲ့တဲ့ လူသားမဆန်တဲ့ သတ်ဖြတ်မူ့ ဟာ ကျနော်တို့ အား...See More
Friday at 5:15pm · Like · 6
Aye Aye Soe Win I found this on U Naing Win's Wall:
ဒီဇာတ်လမ်းတွေကို မသိတဲ့လူတွေကတော့ တော်လှန်ရေးဆိုတဲ့စကား၊ စိတ်ဓါတ်တွေနှင့် ခံစားမှုတွေကို ပေါ့ပျက်ပျက်သဘောထားပြီး လှေင်ရယ်စရာလို့တောင် အောင်းမေ့နေကြပြီ၊ အသက်သွေးနှင့် ရင်းခဲ့ကြတဲ့ ရင်နင့်ဘွယ် ဖြစ်ရပ်မှန်တွေကို ပြန်လည်ဖော်ပြပေးတဲ့ ကိုအောင်မိုးဝင်းကို လေးစားပါတယ်။ I like U Naing Win's initiative. I think we all have grace for sticking to truth.
Friday at 7:21pm · Like · 3
Ni Lynn
ဒီအရေးကို ခဏစောင့်ပါ နောက်မှရှင်းမယ်ဆိုသူတွေကိုပြောချင်တာက ကိုယ်ချင်းစာပါ ခင်ဗျား အကို ကျနော့အမ ဒိလိုနှိပ်စက်ခံ ပီး ကျဆုံးခဲ့ရင် ကျနော်တို့ စစ်တပ် ကိုနိုင်မှဆက်ရှင်းကြမယ်ဆိုတာလက်ခံလား၊ သံချောင်းနဲ့ မျိုးဝင်း ကို ခင်ဗျား ဖော့တွေးစေချင်ရင် သံချောင်းမီးဖုတ် ပေါင်ထဲထိုးခံရတဲ့ ကိုထွန်းအောင်ကျော် ယုတ်ယုတမာမာ လုပ်ခိုင်း ကိုယ်တုံးလုံးချွတသတ်ခံရတဲ့ရဲမေခင်ချိုဦး တို့ကိုခင်ဗျားတို့မငဲ့ဘူးလား။ တော်လှန်ရေး ရဲ့ အပုတ်အပဲ့တွေကို သန့်စင် ဖို့ဝန်လေးရင် ကျောင်းသားတပ်မတော်တင်မကဘူး ကျောင်းသားတွေရဲ့ ဗမာပြည်နိုင်ငံရေးဦးဆောင်ခဲ့တဲ့အစဉ်အလာပါသေးသိမ်စေတယ်။ ABSDFရဲ့ ဦးတည်ချက် ဘုံရန်သူကိုတိုက်ဖို့ ဒီလိုကိတ်စကြီးကို မေ့မှရမှာလား၊ဒိစစ်တပ်ပြီး နောက်စစ်တပ်လာမှာ သာမန်ပြည်သူတွေလက်မခံဘူး၊ ဒီခေတ်မှာ အရင်လိုဖုံးဖိလို့မရဘူး တော်လှန်ရေးသမား အမှားရှိလဲ ပေါ်မှာဘဲ။ဒိဖြစ်ရပ်ကို လက်ရှိ ABSDF ခေါင်းဆောင်တွေနဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု၊တာဝန်ခံမှုတွေက ABSDFအပေါ်ကို လုံးဝ သက်ရောက်မှု ရှိတယ်၊ လူသတ်ဝါဒ ကျဆုံးဖို့ ပါးစပ်က ရှုတ်ချရုံ ကြွေးကြော်ရုံနဲ့ မရဘူး၊ လူသတ်ဝါဒ ကျင့်သုံးခဲ့တဲ့ လူတွေ ကိုယ့်ထဲမှာရှိရင် ဖောက်ထုတ်ပစ်ပါ၊ကျနော်ထင်တယ်၊ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့လူတွေ ကိုယ့်လူဆိုပြီး ဖုံးဖိတဲ့လူတွေ သိရက်နဲ့ မတားခဲ့တဲ့သူတွေ ကတော့ တော်လှန်ရေး အဓွန့်ရှည်ဖို့ ဒီမိုကရေစီ နိုင်ငံမဖြစ်ဖို့ ဆုတောင်းမှာဘဲ၊ဇာတ်တူသားစားခဲ့တဲ့ ခင်ညွန့် ထောက်လှန်းရေးထက် ယုတ်မာခဲ့တဲ့ ဒီလူတွေ တော်လှန်ရေးမှာ ဆက်ပါရင် အဲဒီတော်လှန်ရေးကို အယုံအကြည်မရှိဘူး၊
Friday at 8:35pm · Like · 9