www.hittai.net အမှတ်တရ ကဏ္ဍ မှ-

(ဂန္ဓသာရ - ၈၈၈၈ ရဟန်းပျို ခေါင်းဆောင်)aug7,2012
ဝေးကွါလာတဲ့ ကါလတွေကို မျှော်ကြည့်ရင်း တမ်းတမ်းတတနဲ့ စွဲစွဲမြဲမြဲ ထင်ဟပ်နေမှု့ တို့ သည်ကါး- ဘယ်အချိန် ဘယ်အခါ ဘယ်နေရာကိုပဲ ရောက်ရောက် ၊ တိုင်းချစ် ပြည်ချစ် မြန်မာများတို့  .ဝမ်းနည်းခြင်း ဝမ်းသာခြင်း ဂုဏ်ယူခြင်းများ ရောပြွန်းစွာနဲ့ ရာဇဝင်မှတ်တမ်းကြီးရဲ့  သွေးနဲ့ ရေး အသက်တွေနဲ့ မှတ်တိုင်ထူစိုက်ခဲ့ရတာပါ။
နှစ်စဉ်မပျက် တနှစ်တခါသာ ပြုလုပ်လိုက်ကြတဲ့ ၈၈၈၈-အထိမ်းအမှတ်ပွဲကြီးမှာ တနေ့ တရက် မှ မေ့မရနိုင်တဲ့ ရာဇဝင် သမိုင်းမော်ကွန်း တရပ် အဖြစ် ရာသက်ပန် ထင်ဟပ်နေပါတယ် ....။ ဖိနှိပ်ချုပ်ချယ်ပိုင်ခွင့်ကို မည်သည့်အာဏါရှင်ကိုမှ ပေးလက်မခံဘူးဆိုတာရယ်... အာဏါကို လက်နှက်အားကိုးနဲ့ တည်ဆောက်လို့ မရဘူးဆိုတာ-၈၈၈၈-က သက်သေပြလို့ ကမ္တာက အသိအမှတ်ပြုခဲ့လေပြီ .....။ မြန်မာ့ဒီမိုကရေစီခေါ်င်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ကမ္တာတခွင်လုံးက ခေါင်းဆောင်တွေ အလေးအနက် လေးစားခံရသလို ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင် မြန်မာသူရဲကောင်းတွေနဲ့ မြန်မာလူထုကြီးကိုလည်း နိုင်ငံတကါက လေးလေးစားစားနဲ့ စာနာထောက်ထားမှု့တွေကလည်း အပြည့်ဆိုတော့ ဂုဏ်ယူစရာ မြန်မာဖြစ်လို့ နေပါသည်။
ဒီလိုဖြစ်လာရဘို့  ပေးဆပ်ခဲ့ရသော အသက်သွေး ဘဝတွေနဲ့ နှိုင်းကြည့်လိုက်ရင် ထိုက်တန်မူ့ ထက် ပိုမိုထိုက်တန်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ သူရဲကောင်းတို့ နေတဲ့ တိုင်းပြည်မှာ သူရဲကောင်းတို့ ဆိုတာ နုးညံ့တဲ့ နှလုံးသားနဲ့ သာ ကမ္ဘာ့လူသားတို့ ရဲ့ နှလုံးသားကို ဆွဲငင်ယူဆောင်နိုင်စွမ်းရှိတာကို လက်တွေ့ ပြနိုင်ခဲ့တယ် ၊
လူသားတို့ ရဲ့ နှလုံးသားကို ဓါးမိုးဒုတ်မိုး လက်နက်မိုးပြီး ဘယ်တော့မှာ တောင်းယူလို့ မရနိုင်ဘူးဆိုတာလည်း လက်နက်ကိုင်အာဏါရှင်တိုင်းလည်း သိခွင့်ရပြီး အမြင်မှန်ကြပြီလို့ ထင်ပါတယ်။
၈၈၈၈-ဘာကြောင့် ဖြစ်ပေါ်ခဲ့သလဲဆိုတာ အထူး မရေးသားလိုသော်လည်း ယခု့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးမှာ နောက်ကြောင်းမလှည့်ရေးကို အထောက်ကူ ဖြစ်စေလိုတာကြောင့် စာရေး သူအတွေ့ အကြုံများနဲ့  ဥာဏ်မှီသလောက် ရေးသားတင်ပြလိုပါတယ်။
လယ်ယါလုပ်ကိုင် စားသောက်နေထိုင်လာကြတဲ့ တောင်သူလယ်မားတွေ စားရမဲ့ ဘဝတွေဖြစ်ခဲ့ကြတယ်။ ဗိုလ်နေဝင်းအစိုးရတို့ က-ဒါကို ဂရုမစိုက် ။ လယ်သမားတွေအပေါ်မှာ အနိုင်ကျင့်ပုံကတော့ ....အမ တော်ကြေး မပေးနိုင်သော လယ်သမားတွေကို နေ့ လည် နေမွန်းတည့်ချိန် အလွန်ပူလောင်တဲ့ တပေါင်းနွေမှာ တနေကုန် အဝတ်ဗလာနဲ့ နေလှန်းကြတယ် ။ တချို့ ဆိုရင် သွပ်ပြားပေါ် တက်ခိုင်းပြီး နေလှန်းခံရတယ်၊
မြန်မာပြည်က လယ်သမားတိုင်းလိုလိုပါပဲ။
အလုပ်သမားတိုင်းမှာလည်း လစာငွေက မိသားစုအတွက် မပြောနဲ့ ။့ လူတယောက်အတွက်တောင် မလုံမလောက်စာ ပေးပြီး မတရားအခိုင်းခံကြရတယ်-။ မထင်ရင် မထင်သလို ...လက်သီးနဲ့ ထိုး...ရိုက်ပုတ်ညှင်းဆဲပြီး...အလုပ်က ထုတ်ခံရလို့ မိသားစုဘဝတွေပျက်ကြရတယ်-။
အလုပ်ဌာနတိုင်းမှာလည်း ဗိုလ်နေဝင်းစစ်တပ်က အနားယူသူများသာ ရာထူးနေရာ ရကြသူများတယ်။ လက်လုပ်လက်စား အောက်ခြေလူမဲဆိုတာ ပြည်သူတွေပဲ- ။ချမ်းသာကြွယ်ဝသူတွေကတော့ စစ်တပ်အရာရှိများနဲ့ သူတို့ အသိုင်းအဝိုင်းမိသားစုများသာ ချမ်းသာကြွယ်နိုင်ကြတယ် ။ဒီလိုချမ်းသာတာ ပြည်သူတွေထံမှ နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ယူတတ်တာပါ-။
သူတို့ ဟာ ပြည်သူတွေထံမှ မတရားအနိုင်ကျင့် အချောင် စားသောက် ပျော်ပါးပြီး တိုင်းပြည်မွဲပြာကြတော့လည်း ငွေစက္ကူတွေကို အစားထိုးမပေးဘဲ မတရားသိမ်းယူတဲ့အထိ အနိုင်ကျင့်လေတော့-တုံးအောက်ကဖါးတွေ... မသေရုံဘဝတွေထဲ အသံတွေ မြည်ရတော့တာပါပဲလေ။
ဒါကြောင့် မြန်မာပြည်သူတွေဟာ တရားဥပဒေမဲ့ လက်နက်ကိုင်အာဏါရှင်ဆိုရင် အသံကိုပင် မကြားလိုကြတော့ပါ။
လက်ရှိအခြေအနေဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို-ပြန်ကြည့်တော့လည်း.. ၈၈၈၈-မပေါ်ပေါက်ခင်ကလို သိပ်မထူးလှတဲ့ အခြေအနေပါ ။လယ်မြေသိမ်းခံရလို့  ဘဝပျက်နေကြတဲ့ လယ်သမားတွေ ၊အလုပ်ရှင်တွေက မတန်တဆ လစာပေးပြီး မတရားအခိုင်းခံနေကြရတဲ့ အလုပ်သမားတွေ ၊ အမှန်တရားလိုလားသူ။ မမှန်ကန်တာကို ဖေါ်ဆောင်ပြောဆိုသူတွေကို မတရားသဖြင့်ဖမ်းဆီး အနိုင်ကျင့်နေတာတွေကို ကြားမြင်နေရဆဲ ...ဖြစ်ပေါ်နေဆဲ ဖြစ်နေတာကြောင့် နောက်ပြန်မလှည့်ဆိုတာထက်... ရှေ့ကမူ အတိုင်း ခရီးဆက်နေကြောင်း တွေ့ နေရပါတယ်လို့ စာရေးသူက ပြောချင်ပါတယ်။
”၈၈၈၈“ကတော့ အချိန်တိုင်းမှာ ရှင်သန်နေပြီး အာဏါရှင်မှန်သမျှကို ဘယ်တော့မှာ ဒူးထောက်လိမ့်မည်မဟုတ်ဆိုတာ-ရေးသားရင်း....
(ဂန္ဓသာရ - ၈၈၈၈ ရဟန်းပျို ခေါင်းဆောင်)
http://www.hittai.net/index.php?show=rm&fileid=127&t=home7&id=7